ရှမ်းပြည်နယ် အောင်ပန်းမြို့က ကလေးအမွှာလေးတွေကို ကိုယ်တိုင်သွားရောက်ခေါ်ယူခဲ့တဲ့ ခိုင်နှင်းဝေ

ရှမ်းပြည်နယ် အောင်ပန်းမြို့က ကလေးအမွှာလေးတွေကို ကိုယ်တိုင်သွားရောက်ခေါ်ယူခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေ ကတော့ ပါးပြင်မှာ လှပတဲ့ပါးချိုင့်‌လေးနဲ့ ချိုသာတဲ့ အပြုံးပိုင်ရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ကောင်းများစွာမှာ ပါဝင်ရိုက်ကူးထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ ခိုင်နှင်းဝေ ဟာ ကာရိုက်တာပေါင်းများစွာကို ပီပီပြင်ပြင်နဲ့အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှု့တွေနည်းလာပြီး ပရဟိတလုပ်ငန်းတွေကိုသာ အားစိုက်လုပ်ကိုင်လာခဲ့ပါတယ်။ မင်းသမီး ခိုင်နှင်းဝေ ကတော့ အကြောင်းကြောင့် စွန့်ပစ်ခံရတဲ့ ကလေးတွေကို ဂေဟာမှာ သားသမီးအရင်းသဖွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိပြီး က‌လေးတွေကို အချိန်ပေးပြီးဆော့ကစားပေးတာတွေ ထမင်းခွံကျွေးတာတွေကိုလည်း ကြင်ကြင်နာနာနဲ့ ပြုစုပေးတတ်ပါသေးတယ်။ 

အမွှာလေးတွေရဲ့မိခင်ဖြစ်တဲ့ အငြိမ့်မင်းသမီး မသူဇာ ဟာ သားလေးတွေရဲ့မျက်နှာကိုတောင် မြင်ခွင့်မရဘဲ မီးဖွားပြီးပြီးချင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ အေးမြင့်သာယာရပ်ကွက်၊ ရပ်ကွက်(၃)ရှိ မိခင်တစ်ဦးဟာ အမွှာကလေးလေးတွေ မွေးဖွားရင်း ကွယ်လွန်သွားခဲ့တာကြောင့် အဖေဖြစ်သူနှင့်အဘွားဖြစ်သူမှ လူကြီးစုံရာရှေ့မှာ ခိုင်နှင်းဝေဂေဟာသို့ ပေးအပ်ခဲ့ကြပါတယ်။ " တောင်ကြီးဆေးရုံ မှာ မိခင် ကွယ်လွန်သွားတဲ့ အမွှာ သားလေး တွေကို ခေါ်ဘို့ သွားဖြစ်ခဲ့ပါတယ်..အောင်ပန်းမြို့ အိမ်မှာ လိုအပ်တဲ့ ရက်လည် ဆွမ်းကပ်၊ လိပ်ပြာခွဲပြီး အမွှာလေးတွေကို ခေါ်ဖြစ်ခဲ့ပါတယ်...စိတ်မကောင်းတော့ အရမ်း ဖြစ်ပြီး ပြန်လာခဲ့ရပါတယ်ရှင်" လို့ ခိုင်နှင်းဝေ ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားမျှဝေထားတာကို တွေ့ရပါတယ်။ 

အချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ အနုပညာရှင်တွေရဲ့ လက်တလောလှုပ်ရှားမှု့ ပုံရိပ်တွေ  နဲ့ တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်...။