၂၀၁၉ ခုနှစ် အကယ်ဒမီရရှိဖို့ တစ်ပြေးနေတဲ့ အနုပညာရှင်များ

ဘယ်သူတွေက အကယ်ဒမီဆုကို လက်ဝယ်ရရှိသွားနိုင်မလဲ???

၂၀၁၉ ခုနှစ် အကယ်ဒမီရရှိဖို့ တစ်ပြေးနေတဲ့ အနုပညာရှင်များ

၂၀၁၉ ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုကို စာရေးဆရာ တင်ညွန့် ရဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန်ကို ရေးသားထားပြီး ဒါရိုက်တာကိုပေါက်က ပုံဖော်ရိုက်ကူးထားတဲ့  " ရိုးမပေါ် ကျတဲ့ မျက်ရည်"ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် က ရရှိမည်ဟု ခန့်မှန်းထားပါတယ်။ 

၂၀၁၉ ခုနှစ် အတွက် အမျိုးသား ဇာတ်ဆောင်ဆုကိုတော့ ပန်းချီရွှေအေးကို ရဲ့ ဇာတ်လမ်းကို အခြေခံထားကာ ဒါရိုက်တာ လူမင်းရိုက်ကူးထားတဲ့ "နို့ဘီလူး " ဇာတ်ကားနဲ့ အကယ်ဒမီ  လူမင်း က ရရှိမည်လို့ ခန့်မှန်းထားကြပါတယ်။  ၂၀၁၉ ခုနှစ်အတွက် အမျိုးသမီးဇာတ်ပို့ဆုကို မင်းသား နေတိုး၊ သက်မွန်တို့အဓိကပါဝင်ထားတဲ့“ ချည်” ရုပ်ရှင်ဇာတ်ကား နဲ့ ရွှေသမီး က ရရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ 

နောက်ထပ်လဲ အကယ်ဒမီဘယ်သူတွေ ရရှိနိုင်မလဲဆိုတဲ့ ခန့်မှန်းချက်လေးတွေကို အချိန်နဲ့တပြေးညီထပ်မံတင်ဆက်ပေးသွားအုန်းမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါအုန်းနော်။