မင်းသားဖြစ်ချင်ပေမယ့် ဗီလိန် လူကြမ်းသရုပ်ဆောင်ဖြစ်လာခဲ့တဲ့ နိုင်လူ

၁၉၉၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာပါ...

မင်းသားဖြစ်ချင်ပေမယ့် ဗီလိန် လူကြမ်းသရုပ်ဆောင်ဖြစ်လာခဲ့တဲ့ နိုင်လူ

မြန်မာ့ရုပ်ရှင်လောကမှာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားရိုက်တိုင်း အနုပညာကြေးနည်းပြီး ပေးဆပ်မှုအကြီးမားဆုံးသရုပ်ဆောင်တွေကိုဖော်ပြပေးရမယ်ဆိုရင် အဲ့ဒါ့ လူကြမ်းသရုပ်ဆောင်တွေပါပဲ။ ဘာကြောင့်ဆို ဇာတ်အလိုကျ မင်းသားဟီးရိုးဖြစ်ဖို့ ဖော့ကာဗာအောက်ခံမရှိဘဲ အထိုးအကြိတ်ခံမြေပြင်ပေါ်ပစ်လဲကျခံရပြီး ခန္ဓာကိုယ်ထိခိုက်မှုများစွာနဲ့ ဇီးရိုးအဖြစ် ပေးဆပ် အနုပညာကိုပုံဖော်တက်ကြတာ လူကြမ်းသရုပ်‌ဆောင်အများစုပါ။

အဲ့ဒီလို လူကြမ်းသရုပ်ဆောင်တွေထဲမှာ ဇာတ်ကောင်ကာရိုက်တာပီပြင်အောင်သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ လူကြမ်းဗီလိန်သရုပ်ဆောင် နိုင်လူ လည်း ပါဝင်နေပါတယ်။ လက်ရှိအချိန်အထိ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရိုက်ကွင်းပေါ်က ဒဏ်ရာတွေနဲ့ နာကျင်ခံစားနေရဆဲဖြစ်ပြီး အေးတဲ့ဆောင်းရာသီလိုမျိုးမှာ ဒဏ်ရာတွေက ပိုမိုကိုက်ခဲတက်တယ်လို့လည်း သူက ဆိုထားပါတယ်။

လူကြမ်းဗီလိန်သရုပ်ဆောင် နိုင်လူ ဟာ အနုပညာသရုပ်ဆောင်ဝါသနာပါလွန်းသူဖြစ်ပြီး ၁၉၉၀ ခုနှစ်ဝန်းကျင်လောက်ကတည်းက အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့ပြီး တကယ့်တော့ ရုပ်ရှင်လောကမှာ အစက မင်းသားဖြစ်ချင်ခဲ့ပေမယ့် ဗီလိန်လူကြမ်းဖြစ်လာခဲ့တဲ့နောက်ပိုင်းမှာ မင်းသား လူကြမ်းဆိုတာထက် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။

လူကြမ်းသရုပ်ဆောင်တစ်ယောက်ရဲ့ဘဝဟာ ဥပမာပေးရရင် ဟင်းခွက်ထဲက ဆားပွင့်လေးတွေလိုပါပဲ မချက်ခင်ဆားပွင့်လေးတွေပြလို့ရပေမယ့်ချက်ပြီးရင်တော့ ရှာပြလို့မရတော့ဘဲ ဟင်းကောင်းတစ်ခွက်ရဲ့ နာမည်ပဲကောင်းတာထွက်ခဲ့တယ်လို့လည်း လူကြမ်းတွေရဲ့ ဘဝကို ဆားပွင့်လေးတွေနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။

အရင်တုန်းကတော့ လူကြမ်းသရုပ်ဆောင်ကို ပရိသတ်တွေက မြင်တာနဲ့ မုန်းတက်ကြပေမယ့်အခုကတော့ ပရိသတ်တွေက ဇာတ်ကောင်သဘောသဘာဝအရ ရုပ်ရှင်ဇာတ်လမ်းအရ သရုပ်ဆောင်ရတာကို နားလည်လာကြပြီး လူကြမ်းသရုပ်ဆောင်တွေကို အရင်ကထက် ပိုမိုချစ်ခင်အားပေးလာကြတာတွေ့ရလို့လည်း အရမ်းပျော်ရွှင်ရပါတယ်လို့လည်း သရုပ်ဆောင် နိုင်လူက ဆိုပါတယ်။

မြန်မာဇာတ်ကားတိုင်းမှာ မပါမဖြစ် ဗီလိန်လူကြမ်းဇာတ်ရုပ်တွေမှာ ကာရိုက်တာအလိုက် သဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ လူကြမ်းဗီလိန် ပီသတဲ့ သရုပ်ဆောင်ကို ဖော်ပြပါဆိုရင် အဲ့ဒါ့ ပရိသတ်မုန်းအောင် သရုပ်ဆောင်အရမ်းကောင်းတဲ့ ဗီလိန်လူကြမ်းသရုပ်ဆောင် နိုင်လူပါပဲ ။