ဇနီးသည်ကိုချစ်လွန်းလို့ ဘဝတစ်သက်စာ အရက်ဖြတ်ခဲ့တဲ့ ဟာသလူရွှင်တော်ကြီး ဦးမိုးဒီ

အရက်နံ့ရတာနဲ့ လုံးဝစကားမပြောတော့တာကို မခံစားနိုင်လို့...။

ဇနီးသည်ကိုချစ်လွန်းလို့ ဘဝတစ်သက်စာ အရက်ဖြတ်ခဲ့တဲ့ ဟာသလူရွှင်တော်ကြီး ဦးမိုးဒီ

ပရိသတ်ကြီး လူရွှင်တော်လောကမှာ ဦးမိုးဒီ ကတော့ဆယ်စုနှစ်တစ်ခုကြာ ဇာတ်ကားပေါင်းများစွာကို ပါဝင်ရိုက်ကူးထားပြီးတော့ မော့စ်နဲ့ မိုးဒီ အတွဲပျက်လုံးတွေနဲ့အတူ ပရိသတ်ကြီးကိုရယ်မောပျော်ရွှင်အောင် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဝါရင့်ဟာသသရုပ်ဆောင်ကြီးတစ်ဦးပဲဖြစ်ပါတယ်။ ဦးမိုးဒီ ဟာ အသက် ၁၉ နှစ်ကတည်းက ဇာတ်မင်းသမီး ဒေါ်အေးအေးကြွယ် နဲ့ ချစ်ကြိုက်ခဲ့ပြီး အိမ်ထောင်ကျခဲ့တာပါ။ ဇနီးဖြစ်သူ ဆုံးပါးသွားခဲ့တာ ၁၀ နှစ်နီးပါးရှိနေပေမယ့် ဦးမိုးဒီ ကတော့ အခုချိန်ထိချစ်ပြီး အောက်မေ့နေဆဲပါပဲ။

လူရွှင်တော်ကြီး ဦးမိုးဒီ နဲ့သူ့ရဲ့ဇနီးတို့နှစ်ဦးဟာ ချစ်စကြင်စမှာ အပြန်အလှန်ကတိတစ်ခုစီ တောင်းခဲ့ကြပါတယ်။ ဒေါ်အေးအေးကြွယ်က ဦးမိုးဒီ ကို အရက်မသောက်ဖို့ကတိတောင်းခဲ့ပြီး ဦးမိုးဒီ ကလဲ ဇနီးဖြစ်သူကို အိမ်ထောင်ကျရင် နှုတ်ခမ်းနီမဆိုးဖို့ ကတိတောင်းခဲ့ပါတယ်။ ဦးမိုးဒီ ရဲ့ ဇနီးဖြစ်သူ ဟာ အရက်သောက်တာကို လုံးဝမကြိုက်နှစ်သက်သူဖြစ်တာကြောင့် ဒီလိုကတိကိုတောင်းဆိုခဲ့တာဖြစ်ပြီး သူ့ရဲ့သက်တမ်းတစ်လျောက်မှာ အရက်ကိုလုံးဝမသောက်သုံးခဲ့ပါဘူး။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တွေ့လို့ငြင်းဆန်မရ သောက်လိုက်ရရင်တောင် အနံ့လေးရရင် ဇနီးသည်ကလုံးဝစကားမပြောတော့တာကို မခံစားနိုင်တာကြောင့် လုံးဝမသောက်သုံးဖြစ်တာပါ။

လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ဇနီး ဇာတ်မင်းသမီးကြီး ဒေါ်အေးအေးကြွယ်ကတော့ ၂၀၁၂ ခုနှစ် ၁၂လပိုင်း ၈ရက်နေ့မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ လူရွှင်တော်ကြီး ဦးမိုးဒီ ကတော့ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်နေပြီး သားသမီး မြေးမြစ်တွေနဲ့ အတူ တောင်ဥက္ကလာပမြို့နယ်မှာ ကျန်းမာစွာ နေထိုင်လျက်ရှိပါတယ်။