အဆိုတော်လဲဖြစ် ရုပ်ရှင်သရုပ်ဆောင်အဖြစ်လဲ နာမည်ကြီးခဲ့တဲ့ မေဆွိ ရဲ့ ဘဝအကြောင်း အပြည့်အစုံ

အနုပညာမှာဘက်စုံတော်တဲ့ ဝါရင့်အနုပညာရှင်ကြီး မေဆွိ ...

အဆိုတော်လဲဖြစ် ရုပ်ရှင်သရုပ်ဆောင်အဖြစ်လဲ နာမည်ကြီးခဲ့တဲ့ မေဆွိ ရဲ့ ဘဝအကြောင်း အပြည့်အစုံ

ဒီကနေ့မှာတော့အရင်ခေတ်က နာမည်ကြီးနေတဲ့ အခုလဲ ဖျော်ဖြေပွဲတွေပြုလုပ်နေဆဲဖြစ်တဲ့ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် မေဆွိ လို့ ချစ်စနိုးခေါ်ဝေါ်တတ်ကြတဲ့ မေဆွိ အကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ အနုပညာမျိုးရိုးရှိခဲ့တဲ့ မေဆွိ ဟာ ဂီတအနုပညာ သရုပ်ဆောင်အနုပညာကိုလည်း မစိမ်းသက်ခဲ့ပါဘူး။ ပန်းသီးတေးစီးရီး album နဲ့ ပရိတ်သတ်ကြားရေပန်းစားလာခဲ့ပါတယ်။ မေဆွိရဲ့ ပရိတ်သတ်ကြီးတွေဟာ အခုချိန်အထိရှိနေဆဲဖြစ်ပြီး သူမရဲ့တေးသီချင်းများဟာလည်း လူငယ်အဆိုတော်တွေရဲ့ပြန်ဆိုတေးအဖြစ်သီဆိုခြင်း ခံရနေဆဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဆိုတော် မေဆွိရဲ့ ဂီတအနုပညာဖြတ်သန်းမှုတစ်လျောက်ကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ကြည့်ရှု့ခံစားကြပါဦး ပရိတ်သတ်ကြီးတို့ရေ။

မေဆွိဟာ အရင်ခေတ်ကနေအခုချိန်ထိ လှပခဲ လှပမြဲ သွက်လက်ဆဲ သွက်လက်မြဲ ဖြစ်နေတဲ့ မင်းသမီးချော အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ မေဆွိရဲ့ နာမည်ရင်းဟာ မဆွေအေးမြင့်ဖြစ်ပြီး ၁၉၆၂ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့ စမ်းချောင်း၌ မွေးဖွားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့လည်း မွေးရက်တစ်ထပ်တည်းတူပါတယ်။ မွေးရက်တူရလို့ ဝမ်းသာဂုဏ်ယူရတယ်လို့ မေဆွိက ဆိုပါတယ်။

အဖ ဦး ခင်မောင်ညွန့် အမိ ဒေါ် မြင့်မြင့်ခင်တို့မှ မွေးဖွားခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်ခင် ဟာလည်း အကယ်ဒမီများရှင် စည်သူဘွဲ့ရ ဒေါ်မြင့်မြင့်ခင်ဖြစ်ပါနယ်။ အဆိုတော်ကြီးရဲ့ သမီးဖြစ်သည့်အလျောက် အနုပညာကိုလည်း ဝါသနာပါခဲ့သူဖြစ်ပါတယ်။ မွေးချင်း ၅ယောက်ရှိပြီး ၅ ယောက်မြောက်အနက်မှာ လေးယောက်မြောက် သမီးဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ Botany မေဂျာနဲ့ တက်ရောက်ခဲ့ပြီး ကိုင်ဇာ မေခလာတို့နှင့်လည်းတက္ကသိုလ်ထဲက ရင်းနှီးခဲ့တယ်လို့ဆိုပါတယ်။ တက္ကသိုလ်နဲ့ ပတ်သတ်တဲ့ သီချင်းများစွာကိုလည်းသီဆိုခဲ့ပါသေးတယ်။

မေဆွိနဲ့အတူ မွေးချင်းအမတစ်ယောက်ဖြစ်တဲ့ သိရိကေခိုင်ကလည်းသရုပ်ဆောင်အဆိုတော် လုပ်ခဲ့ပါသေးတယ်။မြန်မာ့ခေတ်ပေါ် တေးဂီတလောကတွင် အအောင်မြင်ဆုံး အမျိုးသမီး တေးသံရှင်တစ်ဦးဖြစ်ခဲ့ပြီး သူမ၏ ကော်ပီသီချင်းများအပြင် မြန်မာဟန် ရိုးရာသီချင်းများလည်း လူကြိုက်ကျော်ကြားခဲ့ပါတယ်။မေဆွိသည်ငယ်စဉ်က ဂီတ အနုပညာနှင့်မစိမ်းသက်ခဲ့ပဲ အမေဖြစ်သူနဲ့အတူ ပွဲများလိုက်ဆိုရင်းနဲ့မှ ဂီတ လမ်းကြောင်းကို စတင်နိုင်ခဲ့ပါတယ်။

မြစ်ကြီးၔရာဝတီ၊ နာပန်းစံစတဲ့ အမေဖြစ်သူ အဆိုတော်မြင့်မြင့်ခင် သီဆိုခဲ့သည်သီချင်းများကို လိုက်ဆိုရင်းနဲ့ ရှိုးပွဲများမှာပေါ်လာခဲ့ပါတယ်။ ပထမဆုံး အနေနဲ့ play boy band နဲ့အတူ နှစ်ကျိမ့်ရှစ်ဆူ ဘုရားပွဲ ရှိုးပွဲတွင် မီးမီးလေးရဲ့မေမေ သီချင်းနဲ့ ဆွေအေးမြင့်ဆိုတဲ့ နာမည်ကို တွင်ကာ စတင်သီဆိုခဲ့ပြီး ထိုပွဲဟာ မေဆွိရဲ့ အနုပညာ ဂီတ လမ်းကြောင်းအစဖြစ်တယ်လို့ မေဆွိက ဆိုပါတယ်။ ထိုနောက် ရွက်ဝါတေးသံသွင်းကနေ မေဆွိရဲ့ ဆိုပုံဆိုဟန်ကို စိတ်ဝင်စားသဘောကျတာကြောင့် နေသာတုန်းမှာ အဝတ်လှမ်းပါ ဆိုတဲ့ တေးသီချင်းလေးတစ်ပုဒ်နဲ့ အတူ ပွဲထုတ်ခဲ့ပြီး ထိုသီချင်းဟာ မေဆွိရဲ့ ပထမဦးဆုံး မူပိုင်သီချင်းဖြစ်လာခဲ့ပါတယ်။

မေဆွိသည် ၁၉၇၀ ပြည့်နှစ်များတွင် နာမည်ကျော် တေးရေးဆရာ သုခမိန်လှိုင် ရေးသားဖန်တီးသည့် ပန်းသီးသီချင်းများ ကော်ပီစီးရီးဖြင့် လူသိများလာခဲ့ပါတယ်။ မေဆွိသည် စိုင်းထီးဆိုင်အပါအဝင် အမျိုးသား တေးသံရှင်များ၏ သီချင်းများကို ပြန်ဆိုလေ့ရှိသည့်အပြင် ကိုယ်ပိုင်သံစဉ်များကိုလည်း ထုတ်ဝေခဲ့ပြန်ပါတယ်။ ကိုင်ဇာနှင့် သီဆိုသည့် စုံတွဲသီချင်းများမှာလည်း အထူးအောင်မြင်ခဲ့ပြီး ကိုင်ဇာနှင့်သီဆိုခဲ့သော အနမ်းပန်းသီချင်းသည် အင်မတန်မှအောင်မြင်ခဲ့ပါတယ်။

အဆုတော်မေဆွိဆိုပြီး အောင်မြင်လာပြီးနောက်မှာတော့ ရုပ်ရှင်မင်းသမီးခင်သီတာထွန်း ရုပ်ရှင်မင်းသမီးဆွေဇင်ထိုက်တို့ရဲ့ ဇာတ်ကားနောက်ခံတေးတွေကို များစွာသီဆိုခွင့်ရရှိခဲ့ပြီး ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ချို့နဲ့လည်း အလွန်သိကျွမ်းခဲ့ပါတယ်။ ထို့နောက် နီးစပ်ရာမိတ်ဆွေများရဲ့ တိုက်တွန်းမှုဖြင့် အချစ်ဆုံးဆိုတဲ့ ဇာတ်ကားကို ရုပ်ရှင်မင်းသားမဲဇာနဲ့ ရိုက်ကူးခဲ့ပြီး အချစ်ဆုံးဇာတ်ကားဟာ ပထမဦးဆုံး ပွဲဦးထွက် ဇာတ်ကားဖြစ်ခဲ့ပါတယ်။ ထိုကားတွင် မေဆွိဟာ အကိုတွေ အရမ်းချစ်ရတဲ့ ညီမငယ်ကလေးအဖြစ် နှလုံးရောဂါရှိတဲ့ အချစ်ရူးမလေးအဖြစ် သရုပ်ဆောင်ခဲ့ရပါတယ်။ အောင်မြင်မှု အထွဋ်အထိပ်သို့ ရောက်ရှိသည့် ၁၉၈၀ ပြည့်နှစ်များတွင် မေဆွိသည် နာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် ပြေငြိမ်း၊ ကျော်သူ တို့နှင့်အတူ ရုပ်ရှင်များလည်း ရိုက်ကူးခဲ့ပါတယ်။ မုန်းရခက်ကြီး ၊ ဒါလည်းခွင့်လွှတ်တယ်၊ခပ်စိမ်းစိမ်းနေပါ့မယ် ၊ အချစ်ဆုံးသူရဲ့ ရင်မှာ၊ အခုတော့သိပြီ မင်းကိုကိုယ်ချစ်သည်၊ချစ်လွန်းကေသီ၊စတဲ့ ဇာတ်ကားတွေဟာ နာမည်ကြီးဇာတ်ကားများဖြစ်ကြပြီး ခပ်စိမ်းစိမ်းနေပါ့မယ် ဇာတ်ကားဖြင့် မေဆွိ အကယ်ဒမီရမယ်လို့ ပရိတ်သတ်များက ခန့်မှန်းခဲ့သော်လည်း လွဲချော်ခဲ့ရပါတယ်။ ရုပ်ရှင်မင်းသားကြီးများဖြစ်ကြတဲ့ ကျော်သူ စိုးသူ ရဲအောင် ပြေငြိမ်း စသည်တို့နဲ့ ဇာတ်ကားပေါင်းများစွာတွဲဖက်သရုပ်ဆောင်ခဲ့ရပါတယ်။

သို့သော်လည်း ၁၉၉၅ပြည့်နှစ်များအထိ ရုပ်ရှင်ရိုက်ကူးခဲ့ပြီးနောက်တွင် ရုပ်ရှင်ရိုက်ကူးခြင်းကို ရပ်နားလိုက်ပြီးနောက် ဂီတလုပ်ငန်းကို အာရုံစိုက်ခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်း စုစုပေါင်း ၅၀ ကျော်ရိုက်ကူးခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်။ ထာဝရသစ္စာရှင်၊မိုးညအိမ်မက်မြူ၊သဲလဲသဲတဲ့ မသဲပို၊အချစ်ည ရင်ခုန်သံ၊ ချစ်နှင်းဝေဝေ၊ မွှေး စတဲ့ ဇာတ်ကားတွေဟာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားများဖြစ်ပါတယ်။ မြန်မာ့ခေတ်ပေါ်ဂီတ ရေစီးကြောင်းသည် ခေတ်နှင့်အလိုက် ရော့ခ် (Rock)၊ ပေါ့ပ် (Pop)၊ ဟဲဗီးမက်တယ် (heavy metal) စသည့် ဂီတဟန်များမှ အာရ်အင်ဘီ (R&B)၊ တက္ကနို (techno)၊ ဟစ်ပ်ဟော့ပ် (Hip-hop) စသည့် သဏ္ဌာန်သို့ ကူးပြောင်းလာသော်လည်း သူမသည် ကိုယ်ပိုင်ဟန်ဖြင့် တေးစီးရီးများကို ဆက်လက်ထုတ်ဝေဆဲ ဖြစ်ခဲ့ပါတယ်။ တေးစီးရီးပေါင်းများစွာ ထုတ်ဝေခဲ့ပြီး ဂန္တဝင်တေးသံရှင်များဖြစ်ကြတဲ့ စိုးပိုင်၊ ဆိုင်းထီးဆိုင် ထူးအိမ်သင်တို့ရဲ့ သီချင်းကောင်းများကိုလည်း ပြန်လည်သိဆိုခဲ့ပါတယ်။ သီဆိုခဲ့သော သီချင်းများတွင် ကိုကိုဘာလို့မုန်းတာလဲ ချစ်သူရဲ့သီချင်း အိမ်မက်သစ်တဖန်မွေးဖွားခြင်း ဂျပ်ဆင်ထိပ်က လရိပ်ပြာ စတဲ့တေးသီချင်းများဟာ နာမည်ကြီးခဲံပါတယ်။

မေဆွိသည် ၁၉၉၇ ခုနှစ်တွင် အမျိုးသားဖြစ်သူ ဦးဇော်ဝင်းနှင့်လက်ထပ်ထိမ်းမြားပြီးနောက် ၁၉၉၈ ခုနစ်မှာ အမေရိကန်နိုင်ငံကို စုံတွဲလိုက်ထွက်ခွာခဲ့ပြီး ဂီတလောကနှင့်ရော အမိမြေကိုပါ ခွဲခွာခဲ့ပါတယ်။ လက်ရှိတွင် ခင်ပွန်းနှင့်အတူ ဒယ်လာဝဲတွင် နေထိုင်သည်။ ယခုအခါသူမသည် ကမ္ဘာတဝန်းရှိ မြန်မာပရိသတ်များအတွက် သီဆိုဖျော်ဖြေနေဆဲ ဖြစ်ပါတယ်။ Myanmar Idol ၏ ဒိုင် အဟောင်းတစ်ယောက်ပင်ဖြစ်ပြီး ယခုထိ အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသံရှင် တစ်ဦး ပင်ဖြစ်ပါတယ်။ အနုပညာရှင်အသစ်များစွာ မွေးထုတ်ပေးနိုင်ခဲ့တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ အစီအစဉ် Season 1 မှာ တစ်ခြားအဆိုရှင်များဖြစ်တဲ့ ချမ်းချမ်း ရဲလေးတို့နှင့်အတူ ဒိုင်အဖြစ်ပါဝင်ခဲ့ပြီး အကဲဖြတ်ပေးခဲ့ပါသေးတယ်။ နောက်ပိုင်းလူငယ်အဆိုရှင်တွေရဲ့ ခေတ်ဟောင်းတေးသီချင်းတွေပြန်ဆိုမှုအပေါ် ကျေနပ်ပြီး သဘောကျတယ်လို့မေဆွီက ဆိုပါတယ်။

မေခလာနဲ့ အရမ်းရင်းနှီးခဲ့ပြီးTwo Lady Show ဆိုတဲ့ စတိတ်ရှိုးပွဲကို အနုပညာရှင် ညီအမနှစ်ယောက် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ထို ပွဲမှာ လည်း သီချင်းများစွာဖြင့် ပရိတ်သတ်ကြီးများအားဖျော်ဖြေခဲ့ပါသေးတယ်။ အဆိုတော် ဇော်ဝင်းထွဋ် ဟေမာနေဝင်း ထွန်းအိန္ဒြာဗိုလ်တို့နဲ့အတူ မောင်ယုံလား နှစ်ယောက်မရှိဘူး ဆိုတဲ့ ဂီတဖျော်ဖြေပွဲကိုလည်း အနုပညာရှင်မောင်နှမများနဲ့အတူ ပျော်ရွက်စွာကျင်းပခဲ့ပါသေးတယ်။ ထိုပွဲကို ၂၀၁၃ ခုနှစ် ၔပြီလ ၇ ရက်နေ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ မေဆွိဟာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေလျက် အခုထိတိုင် သီချင်းတွေ သီဆိုနေဆဲပဲဖြစ်ပါတယ်။ကိုဗစ်မဖြစ်ခင်တူန်းက နေမကောင်းဖြစ်ခဲ့ပြီး ကိုယ့်ရဲ့ နေမကောင်းနေတဲ့ မျက်နှာကို မပြချင်ဘဲ အမြဲတမ်း sweet ဖြစ်နေတဲ့ ပုံကို ပဲပြချင်တယ်လို့ ပရိတ်သတ်ကြီးကို ပြောခဲ့ပါသေးတယ်။

နေမကောင်းတဲ့ အချိန်မှာ ဘယ်သူ့ကိုမဆက်သွယ်ခဲ့ပဲ မိသားစုရဲ့ အကူအညီနဲ့ပဲ နေကောင်းကျန်းမာအောင် ၅ လ လောက်နေထိုင်ကုသခဲ့ရတယ်လို့ဆိုပါတယ်။နေမကောင်းဖြစ်နေစဉ်မှာလည်း သိစိတ်ထဲကနေ တရားထိုင်မှတ်ပြီး နေထိုင်ခဲ့တယ်လို့ဆိုပါတယ်။အခုချိန်မှာတော့ ကျန်းကျန်းမာမာ ပျော်ပျော်ရွင်ရွင်ဖြင့် နေထိုင်လျက်ရှိပါတယ်။မိခင်ဖြစ်သူ ဒေါ်မြင်မြင့်ခင်ကိုလည်း ကိုဗစ်ကာလအတွင်းမှာ အထိအခိုက်မရှိရအောင် ပန်းကလေးတစ်ပွင့်လို စောင့်ရှောက်နေရတယ်လို့ မဆွိက ဆိုပါတယ်။ မေဆွိဟာ အမျိုးသားဖြစ်သူနဲ့ အတူ မိသားစုနဲ့ အတူကျန်းမာစွာနေထိုင်လျက်ရှိနေပြီး သီးချင်းများကို လည်း ဆက်လက် သီဆိုနေဆဲပဲဖြစ်ပါတယ် ။