တစ်နေ့တခြား ပိုပိုလှလာတဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ထင်သစ္စာ

မိခင်ဖြစ်သူရဲ့ လှပမှု့တွေကို အမွေရထားတဲ့ သမီးငယ်လေး ...

တစ်နေ့တခြား ပိုပိုလှလာတဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ထင်သစ္စာ

ပရိသတ်ကြီးရေ လက်ရှိ မဟာမှထုတ်လွှင့်ပြသနေတဲ့ အမုန်း ဇာတ်လမ်းတွဲမှာ အရမ်းမိုက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့်မင်းသမီးကြီး ခင်ဇာခြည်ကျော် ကိုတော့ အားလုံးကလက်ရှိအချိန်ထိ ချစ်ခင်အားပေးနေမှာ အသေအချာပါပဲနော်။ 

အနုပညာလောကထဲကို အသက် ၁၅ နှစ်အရွယ်လောက်ထဲက ဝင်ရောက်ခဲ့ပြီး ငါ သူတစ်ပါး ယောက်ကျား မိန်းမ" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ မင်းသမီး ခင်ဇာခြည်ကျော် ရဲ့ သမီးငယ်လေး ထင်သစ္စာ ဟာ မိခင်ဖြစ်သူလိုပဲ ချောမောလှပမှု့ကို အမွေရရှိထားသူလေးပါ။ 

မင်းသမီး ခင်ဇာခြည်ကျော် ရဲ့ သမီးလေး ဟာ အနုပညာခြေလှမ်းတွေ စတင်လျှောက်လှမ်းနေပြီဖြစ်ပြီး မိခင်နဲ့အတူ Live Sale လေးတွေပြုလုပ်ကာ စီးပွားရေးလုပ်ငန်းတွေကို ကူညီလုပ်ကိုင်လျှက်ရှိပါတယ်။ ချောမောလှပတဲ့အပြင် စကားပြောပုံလေးနဲ့ သွက်လက်ထက်မြတ်တဲ့ သူမရဲ့ပုံစံလေးတွေကြောင့် ဆယ်ကျော်သက် ယောက်ကျားလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့တွေကို ရရှိထားပါတယ်။ 

မိခင်ဖြစ်သူရဲ့ လှပချောမောမှု့တွေကို အမွေရရှိထားတဲ့ ထင်သစ္စာရဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အချိန်တိုင်းအားပေးနေတဲ့ စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်၊ သာယာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို  ပိုင်ဆိုင်နိုင်ကြပါစေ။