လက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုရရှိထားတဲ့ ဟဲဗီးဖြိုး ရဲ့ ဘဝအကြောင်း

အသက်နှစ်နှစ်သားအရွယ်ကပင် ကလေးသရုပ်ဆောင်ဖြစ်လာခဲ့သူ ...

လက်ရှိအချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုရရှိထားတဲ့ ဟဲဗီးဖြိုး ရဲ့ ဘဝအကြောင်း

ငယ်စဥ်က ကလေးသရုပ်ဆောင်အနေနဲ့ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်ချစ်ခြင်းတွေကို အပြည့်အဝရရှိခဲ့သူလေးကတော့ ဟဲဗီးဖြိုး ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဟဲဗီးဖြိုး ရဲ့ ဘဝအကြောင်းနဲ့လှုပ်ရှားခဲ့တဲ့ အနုပညာလမ်းကြောင်းအချို့ကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ ဟဲဗီးဖြိုး ကိုတော့ ဧပြီလ ၁၂ ရက်၊၁၉၉၆ ခုနှစ် မှာ ဖခင် ဟာသလူရွှင်တော်ကြီး ဦးအောင်ဖြိုး နဲ့ အငြိမ့်မင်းသမီး ဒေါ်ဖြူဖြူဝင်း ရဲ့ မွေးချင်းခြောက်ယောက်အနက် လေးယောက်မြောက် ဖြစ်ပါတယ်။ 

ဟဲဗီးဖြိုး ဆိုတဲ့ နာမည်ပေးဖြစ်ပုံကတော့ သူမွေးဖွားခဲ့တဲ့အချိန်မှာ "ဟဲဗီး"အမည်ရှိတဲ လက်ဝှေ့ချန်ပီယံ နာမည်ကြီးခေတ်စားနေတဲ့အချိန် ဖြစ်တာကြောင့် မိခင်က"ဟဲဗီး" လို့မှည့်ပေးလိုက်ပြီး ဖခင်ထပ်ထည့်ပေးတဲ့ "ဖြိုး" နဲ့ပေါင်းလိုက်ကာ "ဟဲဗီးဖြိုး"ဆိုပြီး ဖြစ်လာခဲ့တာပါ။အနုပညာလမ်းကြောင်းပေါ်ကို အသက် ၂ နှစ်သားအရွယ်မှာ ရောက်ရှိလာခဲ့တဲ့ ဟဲဗီးဖြိုး ရဲ့ ပထမဆုံးဇာတ်ကားကတော့ မော့စ်၊ခင်လှိုင်၊မေသဥ္ဇာဦး တို့ပါဝင်တဲ့"လူပျင်း" ဇာတ်ကားမှာ ခင်လှိုင် ရဲ့ ငယ်ဘဝနေရာကနေ သရုပ်ဆောင်ထားခဲ့ပါတယ်။ 

အနုပညာလောကကို မိဘတွေရဲ့တိုက်တွန်းမှု့နဲ့ ၂ နှစ်သားအရွယ်ထဲက ဝင်ရောက်ခဲ့ပေမယ့် လေဆာသွားတိုက်ဆေးကြော်ငြာမှာပါဝင်ခဲ့ပြီးနောက် အနုပညာကိုပဲရူးသွပ်သွားခဲ့ပြီး အနုပညာကိုတောက်လျှောက် ဆက်လုပ်မယ်ဆိုတဲ့ စိတ်ကူးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် "သားလိမ္မာတောက်တဲ့ ၊ ရာဇဝင်ထဲကသရဲလေး ၊ ပင်လယ်ရေဘယ်မခန်း ၊ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ " အပြင် အခြားဇာတ်ကားပေါင်းများစွာ နဲ့ လူသိများလာပြီး ပရိသတ်အချစ်ကို ရရှိလာခဲ့ပါတယ်။ 

ဟဲဗီးဖြိုး ဟာ ရုံတင်ရုပ်ရှင်ကားကြီး ၃၀ ကျော်လောက်မှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေသိကြတဲ့ ရုပ်ရှင်ကားကြီးတွေကတော့ "ဇော်ကကနေသည်၊အများနဲ့မသက်ဆိုင်သောသူ၊စေတန်ရဲ့ကချေသည်၊ကျမကနှင်းဆီမောင်" ဆိုတဲ့ ဇာတ်ကားတွေမှာ ဟဲဗီးဖြိုး ရဲ့ ပြောင်မြောက်တဲ့ အနုပညာအရည်အသွေးတွေကို တွေ့မြင်ရမှာပါ။ ဒါကြောင့်လဲ ပရိသတ်တွေက အကယ်ဒမီရစေချင်ခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် အားလုံးကစိတ်မကောင်းဖြစ်ခဲ့ကြရပါသေးတယ်။ 

ဟဲဗီးဖြိုး ကတော့ ကလေးသရုပ်ဆောင်အနေနဲ့ ငယ်စဥ်ကတည်းက လုပ်ကိုင်ခဲ့ပေမယ့် ပညာရေးဘက်မှာလဲ မလစ်ဟင်းအောင် အမြဲတမ်းကြိုးစားခဲ့ပါတယ်။ သရုပ်ဆောင်တဲ့နေရာမှာ တော်လွန်းတဲ့အပြင် ကိုယ်တိုင်သီချင်းတွေရေးပြီး သီဆိုရတာကို ဝါသနာပါသူပါ။ ဒါအပြင် ဖခင်ဖြစ်သူ လူရွှင်တော်ကြီး ဦးအောင်ဖြိုး နဲ့အတူ ဇာတ်ခုံပေါ်မှာ ပြက်လုံးတွေနဲ့ ပရိသတ်တွေကို တဝါးဝါးတဟားဟား ရယ်မောစေခဲ့တဲ့ ဟဲဗီးဖြိုး ရဲ့ ဟာသညဏ်ကလဲ မခေပါဘူးနော်။ 

အသက် ၂ နှစ်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းခဲ့တဲ့ ဟဲဗီးဖြိုး ဟာ လက်ရှိအချိန်မှာ အရွယ်ရောက်ရှိနေပြီဖြစ်ကာ အနုပညာလှုပ်ရှားမှု့တွေ လုပ်ကိုင်တာနည်းပါးသွားတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးရေ ဒီကနေ့မှာတင်ဆက်ပေးခဲ့တာကတော့ ကလေးသရုပ်ဆောင် ဟဲဗီးဖြိုး ရဲ့ ဘဝအကြောင်းအချို့ပဲ ဖြစ်ပါတယ်။ ဟဲဗီးဖြိုး ကို မှတ်မိပြီး ချစ်ခင်အားပေးတဲ့ ပရိသတ်တွေရှိသေးရင် ကောမန့်မှာ ရေးသားသွားပေးခဲ့အုန်းနော်။ 

အချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ အနုပညာရှင်တွေရဲ့ Update သတင်းတွေအပြင် တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်...။