တချိန်က ဗီလိန်ခန်းတွေမှာ လူမုန်းများခဲ့ရတဲ့အထိ သရုပ်ဆောင်ပီပြင်လွန်းခဲ့တဲ့ မင်းရဲဆက်

ပရိသတ်တွေ သူ့ကိုကြည့်ရင်း အကုသိုလ်ဖြစ်မှာဆိုးလို့ အနုပညာကိုစွန့်လွှတ်ခဲ့သူ ...

တချိန်က ဗီလိန်ခန်းတွေမှာ လူမုန်းများခဲ့ရတဲ့အထိ သရုပ်ဆောင်ပီပြင်လွန်းခဲ့တဲ့ မင်းရဲဆက်

ဗီဒီယို၊ ရုပ်ရှင်ကားတွေထဲမှာ လူကြမ်း၊ ဗီလိန်နေရာကနေ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့လို့ ပရိသတ်တွေရဲ့ မုန်းတီးခြင်းတွေကို ခံရလေ့ရှိတဲ့ လူကြမ်းမင်းသားတွေဘဝဟာလည်း တကယ့်အမှန်တကယ်လက်တွေ့မှာတော့ လွန်စွာမှ စာနာဖို့ကောင်းလှပါတယ်။ တစ်ချိန်က အနုပညာလောကမှာ ဗီလိန်ခန်းတွေ၊လူဆိုးလူမိုက်ခန်းတွေမှာ လူမုန်းများခဲ့ရတဲ့အထိ သရုပ်ဆောင်ပီပြင်လွန်းခဲ့တဲ့ လူကြမ်း သရုပ်ဆောင် မင်းရဲဆက်ကို ပရိသတ်တွေမှတ်မိကြအုန်းမယ်ထင်ပါတယ်။ အနုပညာလောကမှာ ကာရိုက်တာပေါင်းစုံနဲ့ ကျင်လည်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် မင်းရဲဆက် ဟာ ယခုလက်ရှိအချိန်မှာတော့ အနုပညာလောကကနေ အနားယူလိုက်တာ (၁၁) နှစ်ကျော်ခဲ့ပါပြီ။

အနုပညာအလုပ်တွေကို မလုပ်တော့ပေမယ့် မင်းရဲဆက် ကိုချစ်တဲ့ ပရိသတ်တွေအတွက် သူ့အကြောင်းလေးကို အလွမ်းပြေ တင်ဆက်ပေးမယ်နော်။ မင်းရဲဆက် ဟာအနုပညာလောကထဲကနေ အနားယူလိုက်တဲ့အကြောင်းရင်းကတော့ သူ့ကိုကြည့်နေရရင် ပရိသတ်တွေ အကုသိုလ်ရမှာဆိုးတာကြောင့်ဆိုတဲ့အကြောင်း နဲ့ပတ်သက်ပြီး “အနုပညာနဲ့ပတ်သက်ပြီးတော့ အကိုနားလိုက်ပြီပေါ့နော်။ အကိုနားလိုက်တော့ ပရိသတ်တွေဘာပဲဖြစ်ဖြစ် အကုသိုလ်လျော့သွားတာပေါ့ အကိုရှိနေလို့ရှိရင် အကို့ကိုကြည့်ပြီး အကုသိုလ်တွေများနေမှာစိုးလို့ ကုသိုလ်တွေဖြစ်အောင်လို့ အနားပေးလိုက်တာ…”လို့ဆိုပါတယ်။ ဒါအပြင် အိမ်ထောင်လည်းကျသွားပြီဖြစ်တာကြောင့် မိသားစုကို အချိန်ပေးပြီး အခြားစီးပွား‌ရေးလုပ်ငန်းလေးတွေ လုပ်ချင်တာကြောင့်လဲ အနုပညာကို နားလိုက်တာပါတဲ့။

မင်းရဲဆက်တစ်ယောက်ကတော့ ရုပ်ရှင်ပိတ်ကားအထက်မှာသာ ပရိသတ်တွေလူမုန်းများရတဲ့ ဇာတ်ရုပ်မျိုးတွေ သရုပ်ဆောင်ရပေမယ့် အပြင်မှာတော့ ချိုသာတဲ့အပြုံးလေးတွေကို တကယ့်ကိုစိတ်နှလုံးကောင်းမွန်တဲ့ သူပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေမလုပ်တော့ပေမယ့် ရိုးရှင်းတဲ့သမာအာဇီဝကျကျ စိုက်ပျိုးရေးလုပ်ငန်းလေးကိုလုပ်ကိုင်ကာ မိသားစုနဲ့အတူဖြတ်သန်းနေတဲ့ မင်းရဲဆက် တို့မိသားစုလေးကတော့ တကယ်ကိုအားကျလောက်စရာပါပဲနော်။