လှပတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ရင်ကိုထိခတ်စေခဲ့တဲ့ တချိန်က မင်းသမီးချော လှအဉ္ဇလီတင့်

အောင်မြင်မှု့တွေရရှိနေတဲ့အချိန်မှာ အနုပညာအလုပ်ကို စွန့်လွှတ်ခဲ့တဲ့ သူမ ...

လှပတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ရင်ကိုထိခတ်စေခဲ့တဲ့ တချိန်က မင်းသမီးချော လှအဉ္ဇလီတင့်

မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်တဲ့ လှအဉ္ဇလီတင့် ရဲ့ဘဝအကြောင်းကို သိရှိရသလောက် တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ မင်းသမီး လှအဉ္ဇလီတင့် ကို ဖခင် ကေတီဦးကျော်မြင့်(အင်္ဂလိပ်စာဆရာ) နဲ့ မိခင် ဒေါ်ခင်အေး တို့မှ မွေးဖွားခဲ့ပြီး နာမည်အရင်းမှာ ချောချောယုမွန်ကျော်တင့် ဖြစ်ပါတယ်။ လှအဉ္ဇလီတင့် ဆိုတဲ့ ကြယ်တစ်ပွင့်လို ထွန်းလင်းတောက်ပလာမယ့် နာမည်ကိုတော့ ဆရာကြီး မင်းသိင်္ခ ကပေးခဲ့တာဖြစ်ပါတယ်။ ပညာရေးအနေနဲ့ကတော့ အ.ထ.က(၃) တောင်ဥက္ကလာ မှာ ပညာသင်ကြားခဲ့ပြီး ဆယ်တန်းကိုတော့ အပြင်ဖြေအနေနဲ့ ဝင်ဖြေခဲ့ပါတယ်။ 

လှအဉ္ဇလီတင့် ဟာ ပြက္ခဒိန်တွေစတင်ရိုက်ကူးရာကနေ ပြက္ခဒိန်မင်းသမီး စဖြစ်ခဲ့ပြီး အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းမှာ ရုပ်ရှင်ဗီဒီယိုဇာတ်ကားများစွာနဲ့ တီဗီကြော်ငြာများစွာရိုက်ကူးခဲ့ပြီး အောင်မြင်ကျော်ကြားလူကြိုက်များလှတဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတစ်လက် ဖြစ်ခဲ့ပါတယ်။ သူမရိုက်ကူးခဲ့တဲ့ ဇာတ်ကားများစွာထဲကမှ မင်းသား မင်းမော်ကွန်း၊မင်းသမီး အိန္ဒြာကျော်ဇင် တို့နဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ "အဖြူရောင်အတ္တ"၊ မင်းသားကြီး ဒွေး၊ သားညီ၊ ဖိုးကျော်၊ အိန္ဒြာကျော်ဇင်၊လှအဉ္ဇလီတင့် တို့ပါဝင်တဲ့ ""အဖြူရောင်သစ္စာ" အစရှိတဲ့ဇာတ်ကားတွေအပြင် သရုပ်ဆောင် အရိုင်း နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မရှိမဖြစ်ကိုတင့်၊ကောင်းသတင်းကိုတင့်တို့ရပ်ကွက်ပုံပြင် စတဲ့ ဟာသဇာတ်ကားလေးတွေဟာ ယနေ့ထက်တိုင် အောင်မြင်နေဆဲဖြစ်ပါတယ်။ 

မင်းသမီး လှအဉ္ဇလီတင့် ဟာ အောင်မြင်မှု့တွေရရှိနေဆဲအချိန်မှာ အနုပညာလောကကနေ အနားယူသွားခဲ့ပါတယ်။ ချစ်စရာ့မျက်နှာလေးနဲ့ ပရိသတ်တွေ အများစု ချစ်ခင်အားပေးခဲ့ကြတဲ့ သရုပ်ဆောင် လှအဉ္ဇလီတင့်အနေနဲ့ အနုပညာလောကမှာ အနားယူ သွားရတဲ့ အကြောင်းအရင်းကတော သူမရဲ့ အနာဂတ် Planကြောင့်ပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ အနုပညာလောကထဲကိုစဝင်လာခဲ့ကတည်းက အနုပညာအလုပ်နဲ့ပတ်သက်ပြီး အနာဂတ် Plan ချထားပြီးသာဖြစ်ပြီ ငယ်ရွယ်စဉ်မှာ ဝါသနာအရ အနုပညာအလုပ်တွေ ကြိုးစားလုပ်ပြီး အသက်ကြီးလာချိန်မှာတော့ အနုပညာအလုပ်တွေကိုစွန့်လွှတ်ကာ စီးပွားရေးလုပ်မယ်လို့ မိခင်နဲ့ ဆွေးနွေးတိုင်ပင်ထားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အသက်အရွယ်အရ‌ အနုပညာအလုပ်တွေ ပြန်လုပ်ဖို့ အစီအစဥ်မရှိတော့သလို စီးပွားရေး လုပ်ငန်းကိုပဲ ဦးစားပေးလုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ 

မင်းသမီး လှအဉ္ဇလီတင့် ဟာ ဘန်ကောက်မှာနေထိုင်လျှက်ရှိပြီး "ရွှေအဉ္ဇလီ"စားသောက်ကုန်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေကာ၊"ရွှေစိတ်ပျော်"သီးစုံ အချဉ်ပေါင်းထုပ်ကို သဘာဝအရသာစစ်စစ်ဖန်တီးထုတ်လုပ်နေပြီး ပြည်တွင်းပြည်ပကို ပို့ဆောင်ရောင်းချ‌နေရင်း ဘဝကိုဖြတ်သန်းနေပါတယ်နော်။ ဒါအပြင် နာမည်ကျော် သရုပ်ဆောင်မင်းသမီး လှအဉ္ဇလီတင့်ဟာ ကုသိုလ်ကောင်းမှုများစွာလုပ်ဆောင် လှူဒါန်းလေ့ရှိပြီး "ဗောဓိအဉ္ဇလီကျောင်းဆောင်ကြီး" ကိုလှူဒါန်းထားကာ အလှူအတန်းတွေကို မကြာခဏလုပ်လေ့ရှိပါတယ်။ 

အချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ အနုပညာရှင်တွေရဲ့ Update သတင်းတွေအပြင် တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်...။