ဘယ်အမျိုးသမီးကိုမှ မိခင်လောက်မချစ်လို့ လူပျိုကြီးဖြစ်နေတဲ့ လူကြမ်းသရုပ်ဆောင် မျိုးကြည်

မိခင်ကြီးကိုလုပ်ကျွေးပြုစုပေးဖို့ ကြိုးစားရုန်းကန်နေရတဲ့သားလိမ္မာ...

ဘယ်အမျိုးသမီးကိုမှ မိခင်လောက်မချစ်လို့ လူပျိုကြီးဖြစ်နေတဲ့ လူကြမ်းသရုပ်ဆောင် မျိုးကြည်

မြန်မာ့ရုပ်ရှင်လောကမှာ ဇာတ်ကားတိုင်းရဲ့ မပါမဖြစ်ဇာတ်ကောင်နေရာတစ်ခုကတော့ ဗီလိန်လူကြမ်းပဲဖြစ်ပါတယ်။ သူတို့ကတော့ အနုပညာကြေးများများစားစားမရပေမယ့် ဖိုက်တင်ထိုးနေရပြီး အနုပညာလုပ်ငန်းတွေကို လုပ်နေရရင် ပျော်နေကြသူတွေထဲမှာ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည် လဲ အပါအဝင်ပဲ ဖြစ်ပါတယ်။

လူကြမ်းသရုပ်ဆောင် မျိုးကြည်ဟာ အရင်က နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ လုပ်အားပေး ပါဝင်ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ပရဟိတလုပ်ရတာကို သဘောကျတဲ့ နှလုံးသားလှတဲ့ လူကြမ်းကြီးတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း အသက် ၈၆နှစ်အရွယ် မိခင်အိုကြီးကို အနုပညာနဲ့လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာတစ်ယောက်ဖြစ်ပါတယ်။မိခင်အသက်ရှိနေသရွေ့ မိခင်လောက် ဘာမှ အရေးမကြီးတဲ့အပြင် အမေ့ကိုသာအချစ်ဆုံးမို့ လူပျိုကြီးဘဝနဲ့ နေထိုင်နေခဲ့သူပါ။

 

လွန်ခဲ့တဲ့ ၂နှစ်လောက်က Metro Brothers ကရိုက်ကူးပုံဖော်ထားတဲ့ ခပ်မိုက်မိုက်စတိုင်လ် ဓာတ်ပုံတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှု့ကို ပိုမိုရရှိလာခဲ့တဲ့ လူကြမ်းသရုပ်ဆောင်ကိုမျိုးကြည် ဟာ လက်ရှိအချိန်မှာလည်း ကြော်ငြာတွေပိုမိုရိုက်ကူးလာခဲ့ရပြီး  မိခင်ကြီးကို လုပ်ကျွေးပြုစုနိုင်ဖို့ ကြိုးစားရုန်းကန်နေတဲ့ သားလိမ္မာတစ်ဦးဖြစ်ပါတယ်။