အသံပါဝါကြီးကြီးနဲ့ မာန်ပါပါ တေးသီးချင်းများကိုသီဆိုတတ်တဲ့ အဆိုတော် ကော်နီ ဘ၀ အကြောင်း
မကော် ရဲ့ သီချင်းတွေကအခုချိန်ထိလဲ နားထောင်လို့ကောင်းနေဆဲပဲ ...။
ဒီတစ်ခေါက်ရွေးချယ်ထားတဲ့ အနုပညာရှင်ကတော့ နာမည်ကြီးမြန်မာအဆိုတော်တစ်ယောက်ဖြစ်ပြီး အသံပါဝါကြီးကြီးနဲ့ မာန်ပါပါတေးသိချင်းများကိုသီဆိုတတ်တဲ့ Heavy Metal တေးသီးချင်းတွေနဲ့ပေါ့သီချင်းတွေကိုသီဆိုသူ အမျိုးသမီးဝါရင့်အဆိုတော်ကြီးကော်နီရဲ့အကြောင်းကို တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ ကော်နီဟာ ၁၉၈၀ အစောပိုင်းကာလတွေဆီကနေ ၁၉၉၀ နောက်ပိုင်းကာလတွေထိနာမညကျော်ကြားခဲ့တဲ့အမျိုးသမီးတေးသံရှင်တစ်ဦးဖြစ်ပြီး သီချင်းအယ်ဘမ်ပေါင်းများစွာနဲ့သီချင်းပေါင်းများစွာကိုထုတ်လုပ်ခဲ့ပြီးအောင်မြင်မှုရရှိခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ကော်နီဟာ နာမည်ကြီးအဆိုတော်များဖြစ်တဲ့ တူးတူး၊ဟေမာနေဝင်း၊ချစ်ကောင်းတို့နဲ့အရမ်းရင်းနှီးပြီး ရှိုးပွဲတွေအတူတူပြုလုပ်နေကြဖြစ်ကာအောင်မြင်လာတော့လဲ အချိန်အတူတူထဲကအောင်မြင်လာတာဖြစ်ပါတယ်။
အဆိုတော်ကော်နီဟာ ၁၉၈၆ ခုနှစ်ကနေပြီးတော့ ၁၉၉၀ ခုနှစ်ကြားမှာလျမ်းလျမ်တောက်အောင်မြင်ခဲသောအဆိုတော်တစ်ဦးဖြစ်ခဲ့ပြီး ဂီတအပေါ်ရူးသွပ်မှုကလဲ အံ့မခန်းပါပဲ။ကော်နီဟာ မီးပြတိုက်၊ကိုကိုချစ်ဆိုတဲ့တေးသီချင်းတွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ဘတ်ထဲကိုရောက်ရှိလာခဲ့ပြီးဂီတာအနုပညာလောကမှာလဲ ဆရာတစ်ဆူဖြစ်ပါတယ်။ကော်နီဟာ ငယ်စဉ်ကတည်းက ဂီတ်အနုပညာကိုဝါသနာပါလာခဲ့ပြီး အဆိုတော်အဖြစ် ဂီတလောကထဲကိုစတင်ဝင်ရောက်လာစဉ်က ၈တန်းနှစ်ကျောင်းသူ အရွယ်ပဲရှိသေးတယ်လို့ဆိုပါတယ်။နောက်ခံအဆိုတော်တစ်ယောက်အဖြစ် new wave band မှာ နောကခံသီချင်းသီဆိုသူအဖြစ် ဂီတလောကထဲကိုဝင်ရောက်လာခဲ့ပါတယ်။နောက်ခံတေးဂီတအဖြစ်ရွေးချယ်ခံခဲ့ရပြီး နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ မီမီဝင်ဖေ၊ငြိမ်းငြိမ်းအိတို့ရဲ့သီချင်းဆိုပုံတွေကိုကြိုက်နှစ်သက်အားကျခဲ့ရတယ်လို့ဆိုပါတယ်။
ကော်နီဟာရှမ်းပြည်နယ်တောင်ကြီးမှာမွေးဖွားခဲ့တဲ့တောင်ကြီးသူတစ်ယောက်ဖြစ်ပြီး ဝန်ထမ်းသားသမီးပီပီ ရန်ကုန် မင်္ဂလာဒုံကိုပြောင်းရွေ့လာခဲ့ပြီး new wave bandမှာဝင်ရောက်အရွေးချယ်ခံခဲ့ရတယ်လို့ဆိုပါတယ်။အသက်၁၆ နှစ်မှာ new wave bandရဲ့ပင်တိုင်အဆိုတော်အဖြစ်ရွေးချယ်ခံခဲ့ရပြီး ပထမဦးဆုံးအယ်ဘမ်ကို ထွက်ရှိခဲ့ပါတယ်။စိုင်းထီးဆိုင်ရဲ့ သီချင်းတွေသီဆိုတဲ့အခါမှာ ဟာမိုနီလိုက်ခဲ့ရပြီးမေဆွိ၊ဂျေညီညိ၊မေခလာ၊စတဲ့အဆိုတော်တွေရဲသီချင်းတွေနံ့ ရုပ်ရှင်တေးသီချင်းတွေမှာဟာမိုနီလိုက်ခဲ့ရတယ်လို့ဆိုပါတယ်တေးရေး သုခမိန်လှိုင်က အခွေထုတ်ဖို့ ကမ်းလှမ်းပြီးနောက်မှာ ပထမဦးဆုံး တာဇံ တေးသိချင်း အယ်ဘမ်ကိုထွက်ရှိခဲ့ပါတယ်။တာဇံအယ်ဘမ်ဟာကော်နီရဲ့ပထမဦးဆုံးတေးသီချင်းအယ်ဘမ်ဖြစ်ပြိး တေးသိချင်းစုစုပေါင်း ၁၆ ပုဒိပါဝင်ခဲ့ပါတယ်။ချစ်မိသွားပြီ၊ကိုကိုချစ်၊တာဇံ၊ပညတ်ချက်၊ကိုကိုလို့မခေါ်တော့ဘူးစတဲံတေးသိချင်းတွေပါဝင်ခဲ့ပြီး တာဇံတေးသီချင်းနဲ့ကိုကိုချစ်တေးသီချင်းဟာစတင်ထွက်ရှိခတည်းက အခုချိန်ထိခေတ်စားနေဆဲတေးသီချင်းတွေဖြစ်ပါတယ်။ထိုအယ်ဘမ်ကိုတေးရေးသုခမိန်လှိုင်ရေးဖွဲ့ထားပြီးကော်နီရဲ့အောင်မြင်ခဲ့တယ်လို့ဆိုလို့ရမယ့်တေးသီချင်းအယ်ဘမ်လေးတစ်ခုလည်းဖြစ်ပြီးပွဲဥိးထွက်မှာတင်အောင်မြင်ခဲ့တယ်လို့ဆိုလို့ရပါတယ်။
ကော်နီရဲ့နာမည်အရင်းမှာရတနာထွန်းဖြစ်ပြီးကော်နီရဲ့အမေဖြစ်သူကလည်း အနုပညာကိုဝါသနာပါတယ်လို့ဆိုပါတယ်။တာဇံအခွေကိုထုတ်ဝေခဲ့ပြီးနော်ကမှာတော့ နောက်ထပ်တေးသီချင်းအယ်ဘမ်အဖြစ်နင်ဂျာတေးအယ်ဘမ်ကို ထွက်ရှိခဲ့ပါတယ်။ကော်နီဆိုတဲနာမည်ဟာ အိမ်နာမည်ဖြစ်ပြီး အသားဖြူပြီး ဆံပင်နီနီနဲ့မွေးလာခဲ့တာကြောင့်ကော်နီလို့မှည့်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။နင်ဂျာတေးအယ်ဘမ်ဟာကော်နီရဲ့ ဒုတိယမြောက်တေးစီးရီးအယ်ဘမ်ဖြစ်ပြီး သီချင်းစုစုပေါင်း ၁၆ ပုဒ်ပါဝင်ပါတယ်။တူတူး ကိုကိုချစ် ရှားလော့ဟုမ်းနဲ့တွေ့ဆုံခြင်း၊ဆုံးဖြတ် ရဲတိုက် စတဲ့တေးသိချင်းတွေပါဝင်ခဲံပြီး ရဲတိုက်သီချင်းဟာနာမည်ကြီးတေးသီချင်းဖြစ်ခဲ့ပြီးအခုချိန်ထိခေတ်စားနေဆဲတေးသီချင်းဖြစ်ခဲ့ပါတယ်။နာမည်ကြီးတေးအယ်ဘမ်ဖြစ်ခဲ့ပြီးတိုအချိန်ထဲကပွဲတွေမှာအမြဲတမ်းသီဆိုခဲ့ရတယ်လို့ဆိုပါတယ်။
စတိတ်ရှိုးတွေအများကြီးသီဆိုခဲ့ရပြီး တေးသိချင်းအယ်ဘမ်တွေအများကြီးမထုတ်လုပ်ခဲ့ဘူးဆိုပါတယ်။နောက်ထပ် ၁၉၈၈ ခုနှစ်မှာဒီုင်ယာနာဆိုတဲ့ တေးသီချင်းအယ်ဘမ်ကိုထွက်ရှိခဲ့ပြီး ထိုတေးသီချင်းအယ်ဘမ်မှာတေးသီချင်းပေါင်း ၁၆ ပုဒ်ပါဝင်ခဲ့ပါတယ်။ထိုတေးအယ်ဘမ်ထဲကမှာ ဒီုင်ယာနာ စိုစိတ် ယောင်္ကျား လူကဲစိန် စဉ်းစားချစ် ယုံတော့နော် စတဲ့တေးသီချင်းတွေဟာ နာမည်ကြီးခဲ့တဲ့တေးသီချင်းတွေဖြစ်ခဲ့ပါတယ်။ထိုအယ်ဘမ်ဟာလည်းအောင်မြင်ခဲ့တဲ့တေးစီးရီး အယ်ဘမ်ဖြစ်ပြီးကော်နီဟာထိုခေတ်က ရှိုးပွဲတိုင်းမှာဆိုရတဲ့အထိအောင်မြင်ခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။နောက်မှာကော်နီဟာ ၁၉၈၉ ခုနှစ်မှာဆက်တိုက်အနေနဲ့ကံကောင်းသူလေးဆိုတဲံတေးစီးရီးalbumကိုထွက်ရှိခဲ့ပြီးထို သီချင်းခွေထဲမှာ တေးသီချင်းပေါင်း ၁၆ ပုဒ်ပါဝင်ပြီး တေးရေးသုခမိန်လှိုင်ကပဲရေးသားပေးခဲ့တာဖြစ်ပါတယ်။
ထိုတေးစီးရီးကလည်းအောင်မြင်တဲ့တေးစီးရီးဖြစ်ခဲ့ပြီး ထိုတေးစီးရီးထဲက စိုးတယ် ကိုကိုရောဂါ လွန်မြောက်မယ် အားလုံးရှင်းခဲ့ စိတ်ချ အုတ်နံရံစတဲံတေးသီချင်းများပါဝင်ခဲ့ပါတယ်။နောက်ထပ်ပျားရည်အခွေကိုဆက်လက်ထွက်ရှိခဲ့ပြီး ပျားရည်အခွေမှာ rockတေးဂီတကို ထည့်သွင်းသီဆိုထားခဲ့ပါတယ်။ပျားရည်တေးသီချင်းအယ်ဘမ်ဟာသီချင်းပေါင်း ၁၆ ပုဒ်ပါဝင်သီဆိုထားတဲ့ တေးအယ်ဘမ်ဖြစ်ပြီး ရော့ ယူလိုက်၊ရောဂါ၊ရှင်သန်ခြင်း၊ကောင်းကင်မေမေ၊စတဲံသီချင်းများပါဝင်ခဲ့ပြီး ထိုသီချင်းတွေထဲကမှာ ရော့ယူလိုက်သီချင်းဟာအခုချိန်ထိအော်ငမြင်နေဆဲဖြစ်တဲ့တေးသိချင်းတစ်ပုဒ်ဖြစ်နေဆဲဖြစ်ပါတယ်။
နောက်ထပ်ကော်နီဟာ ကောင်းကင်ခရီး၊ဆုံချင်တယ်၊အဓိပ္ပာယ်ရှိသောလူ၊ဆေးရောင်စုံကော်နီ၊သတ္ထု ၁ ၊သတ္ထု ၂ စတဲ့တေးသီချင်းခွေများကိုဆက်တိုက်ထွက်ရှိခဲ့ပါတယ်။ကော်နီဟာတေးသီချင်းပေါင်းများစွာကိုသီဆိုခဲပြီး ကော်နီအကြိုက်ဆုံးသီချင်းကတော့ ကိုကိုချစ်နဲ့ အတွင်းကြေ ၊အလွမ်းများငြိမ်းစေသတည်း၊ဘဝရထားစတဲ့တေးသိချင်းတွေဖြစ်ပြီးအောင်မြင်ကျော်ကြားနေဆဲတေးသီချင်းများဖြစ်ပါတယ်။ အပြာရင့်ရင့်ဆိုတဲ့တေးအယ်ဘမ်ကို နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဇော်ဝင်းထွဋ်နဲ့အတူသီဆိုခဲ့ပြီးနာမည်ကြီး တေးအယ်ဘမ်တစ်ခုဖြစ်ခဲ့ပါတယ်။