မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့်နေရက် နဲ့ နေရာ

ရုပ်ရှင်ထူးချွန်ဆုတွေကို သုံးနှစ်စာပေါင်းပေးမည့် အကယ်ဒမီပေးပွဲကြီး...

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပမည့်နေရက် နဲ့ နေရာ

ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ဆိုတာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရေးအတွက်နှစ်စဉ်ချီးမြှင့်‌တဲ့ ရုပ်ရှင်ထူးချွန်ဆုဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းဟာ ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်ခဲ့တဲ့ခုနှစ်မှာ ၁၉၅၂-ခုနှစ် ဖြပါတယ်။ ပထမဆုံးအကြိမ် ၁၉၅၂ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကို ရန်ကုန်မြို့၊ မြို့တော်ခန်းမမှာ  ၁၉၅၃ခုနှစ်မတ်လ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ကြပြီး ဇာတ်ကားဆု (၃)ဆု၊ ပညာသည်ဆု (၂)ဆု စုစုပေါင်း ထူးချွန်ဆု(၅)ဆု ချီးမြှင့်ခဲ့ပါတယ်။ ထိုစဉ်အချိန်မှစပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပွဲတွေကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြပါတယ်။ 

 ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကို မေ လ (၆) ရက်နေ့ နေပြည်တော်၊မြို့တော်ခန်းမအနီးရှိ လဟာပြင်ကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမယ့်အကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ထုတ်ပြန်ထားပါတယ်။ အခမ်းအနားသို့ တက်ရောက်သူအနေနဲ့ ဖိတ်စာများကို ဧပြီ ၂၆ ရက်မှ ၂၈ ရက်နေ့တွေမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ကိုယ်တိုင်လာရောက်ထုတ်ယူရမှာပဲ ဖြစ်ပါတယ်။