တချိန်က မိန်းကလေးပရိသတ်တွေရဲ့ ငယ်ချစ်ဦးဖြစ်ခဲ့တဲ့ မင်းသား နိုင်းနိုင်း ရဲ့ ဘဝအကြောင်း
အခုချိန်ထိ ခန့်ညားနေဆဲဖြစ်တဲ့ မင်းသား နိုင်နိုင်း....။

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ချစ်ခင်နှစ်သက်မှု အပြည့်အဝရပြီးသားမင်းသားချော နိုင်းနိုင်းရဲ့ အနုပညာဖြတ်သန်းမှုအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ နိုင်းနိုင်းဟာဆိုရင် မင်းသားအဖြစ်စပေါ်လာကစက ချောမောလွန်းတဲ့ရုပ်ရည်နဲ့ မိုက်လွန်းတဲ့ ခန္ဓာကိုယ်ကြောင့် ပရိတ်သတ်တွေရဲ့နှလုံးသားထဲကို ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ မင်းသားချောတစ်ယောက်ဖြစ်ပါတယ် ။ အခုချိန်ထိ ခန့်ငြားနေဆဲ့ မင်းသားကြီးဖြစ်တဲ့ နိုင်းနိုင်းဟာ ဇနီးဖြစ်သူနဲ့အတူ အောင်မြင်ပျော်ရွင်တဲ့ မိသားစုတစ်ခုကို ထူထောင်ထားနိုင်တဲ့ မင်းသားချောကြီးဖြစ်ပါတယ်။ကဲ နိုင်းနိုင်းရဲ့ ပရိတ်သတ်ကြီးကတော့ များမယ်လို့ထင်ပါတယ်နော်။ဆက်လက်ရှုစားကြပါဦးရှင့်။
ရုပ်ရှင်ဇာတ်ကား ၂၀၀ ကျော်မှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ရိုက်ကူးခဲ့တဲ့နိုင်နိုင်းရဲ့ အမည်ရင်းဟာ တင်ဇော်လတ်ဖြစ်ပါတယ်။နိုင်းနိုင်းကို ၁၉၇၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ရန်ကုန်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးတော့ မော်ဒယ်လင်း လောက ကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ တင်ဇော်လတ် ဆိုတဲ့ နာမည်အရင်းနဲ့ ၁၉၉၇ ခုနှစ်မှာ အနုပညာအလုပ်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။နိုင်းနိင်းဆိုတဲ့ နာမည်နဲ့ ၁၉၉၇ ခုနှစ်မှာ ဇာတ်ကားများ ရုပ်ရှင်များ ပိုစတာ များ သီချင်းဗီဒီယိုများကို ရိုက်ကူးခဲ့ပါတယ်။ ထိုနောက် ရုပ်ရှင်ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ဒုဌဝတီကိုလွန်၍ ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီး ထိုဇာတ်ကားကြီးကို ဒါရိုက်တ်ာ အာကာက ရိုက်ကူးခဲ့ပါတယ်။နိုင်းနိုင်းက ထက်ပိုင်ဆိုတဲ့ ဇာတ်ကောင်အနေနဲ့ပါဝင်ထားပြီး အမွန်း ၊ ဇော်ဇော်အောင် နော်အောင် စတဲ့ ရုပ်ရှင်သရုပ်ဆောင်များလဲပါဝင်ထားပါသေးတယ် ။
နိုင်းနိုင်းတစ်ဖြစ်လဲထက်ပိုင်က ထိုဇာတ်ကားထဲမှာ ဥရောပကနေ မြန်မာပြည်ကို ပြန်လာတဲ့ လူတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ထိုဇတ်ကားကြီးကို ၂၀၁၈ ခုနှစ်မှာရုံတင်ပြသခဲ့ပြီး ဇာတ်ဝင်တေးသီချင်းကို လေးဖြူကနေသီဆိုပေးခဲ့ပါတယ်။နောက်မှာတော့ နိုင်းနိင်းဟာ ဒါရိုက်တာ စတီး ဒွေးမေတ္တာ ရိုက်ကူးထားတဲ့ အဆိပ်ရှိလူရိုင်း ဆိုတဲ့ဇာတ်ကားမှာပါဝင်လာခဲ့ပြိးတော့ ထွန်းကိုကို ခါရာ ရွှေသမီးစတဲ့ သရုပ်ဆောင်များနဲ့အတူ ရိုက်ကူးခဲ့ပါတယ်။ ထိုဇာတ်ကားကို ၂၀၁၈ မှာ ရုံတင်ခဲ့ပြီးတော့ နိုင်းနိုင်းက ဇော်ထိုက်ဆိုတဲ့ဇာတ်ကောင်နေရာကနေပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ကြမ်းကြမ်းတမ်းတမ်းနဲ့ ဒရမ်မာ ဇာတ်လမ်းဇတ်ကွက်တွေနဲ့ ပရိတ်သတ်ရဲ့ရင်ထဲကို ရောက်အောင်ပို့နိုင်တဲ့ ဇာတ်ကားလေးဆိုရင်လည်းမမှားးပါဘူး။
လူတွေရဲ့ စိတ်ကို ကြမ်းတမ်းစေ နူးညံ့စေတဲ့ အချစ်ရဲ့သဘောသဘာဝကို ရိုက်ပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး မိဘနဲ့သားသမီးကြားချစ်ခြင်းမေတ္တာကိုပါ ဖော်ညွှန်းထားတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် အောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးတစ်ကားလို့ပြောရင်လည်း မမှားပါဘူး ။ထိုနောက်နိုင်းနိုင်းဟာ ကမ္ဘာနှစ်ထပ် ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီးထိုဇာတ်ကားဟာ မိသားစုချစ်မေတ္တာကို ရည်ညွှန်းဖော်ပြထားတဲံ ဇာတ်ကားကြီးဖြစ်ပါတယ်။၂၀၁၉ ခုနစ်က ပြသ ခဲ့ပြီးမေကဗျာ မေမြင့်မိုရ် ပြည်ပြည့်စတဲ့သရုပ်ဆောင်တွေများစွာနဲ့ ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။golden hourရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးဖြန်ချီထားခဲ့ပြီးဒါရိုက်တာ အာကာ ရိုက်ကူးဖန်တီးထားတာဖြစ်ပါတယ်။ နိုင်းနိုင်းဟာ ကျော်ထက်ဆိုတဲ့ ဇာတ်ကောင်နေရာကနေပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆွေးပြီးကြည့်ရမယ့်ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုဖို့ကောင်းတဲ့ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်နော်။နောက်ထပ်နိုင်းနိုင်းရဲ့ သရုပ်ဆောင်ပီပြင်ချက်တွေကို လှစ်ဟာပြသနိုင်မယ့် ဇာတ်ကားကြီးတစ်ကားလာပါပြီ။ထိုဇာတ်ကားကတော့ ဝတ်မှုံရွှေရည် ပြည့်ပြည့် ဒေါင်းနဲ့အတူ ရိုက်ကူးထားတဲ့ လိပ်ပြာစံအိမ်ဆိုတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ ထိုဇာတ်ကားကို brave empire film production ကနေထုတ်လုပ်ထားပြီး မိခင်မေတ္တာဖွဲ့ သရဲကားဖြစ်တာကြောင့် သရဲကားကြိုက်ပရိတ်သတ်တွေကြားထဲမှာ နာမည်ကြီးဆုံးဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။
နိုင်းနိုင်း ဟာ ကိုအောင်ဆိုတဲ့ ဇာတ်ကောင်ကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သမီးဖြစ်သူနဲ့ မိန်းမဖြစ်သူကို ကာကွယ်စောင့်ရှောက်တတ်တဲ့ ယောက်ကျားတစ်ယောက်နေရာကနေပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။၂၀၁၉ ခုနှစ်က ရုံတင်ပြသခဲ့ပြီး ရုံပြည့်ရုံလျံ အားပေးခြင်းခံခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ရုံကနေ မချတမ်းပြသခဲ့ရတဲ့ ထိုဇာတ်ကားဟာ Asian Acedamy Creative Awards မှာ Best Feature Film, Best Direction, Best Actress in a Leading Role ,Best Actress in a Supporting Role ,Best Cinematography, Best Theme Song ,Best Actress in a Supporting Role စတဲ့ ဆုတွေများစွာရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ အခုချိန်ထိ ပြန်လည် ကြည့်ရှုသူများနေတဲ့ ထိုဇာတ်ကားဟာ နိုင်းနိုင်းရဲ့ နာမည်ကြီး မှတ်တိုင်တစ်ခုစိုက်ထူထားနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။နိုင်းနိုင်းက ကာရိုက်တာ အတွက်သင်ပေးတယ်လို့ကလေးသရုပ်ဆောင်လေးဖြစ်တဲ့ ပြည့်ပြည့်က ပြောပါတယ်။အဆိုတော် ခင်ပိုးပန်းချီကနေဇတ်ဝင်တေးသီချင်းကို သီဆိုပေးထားပါတယ်။၊
မြင့်မိုရ်ချစ်သူ၊မှန်ရာကို သစ္စာဆိုပါမည်၊ အလကားနေရင်း၊ တူရိယာ၊ ချစ်လို့ယူထားတာ၊ မချစ်ဘူး မုန်းတယ်၊ကော်နဲ့ကပ်ထားတယ် စတဲ့ ဗီဒီယိုဇာတ်ကားများကို လည်း ခေါင်ဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။နိုင်းနိုင်းဟာ ဗီဒီယိုဇာတ်ကားတော်တော်များများမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး နိုင်းနိုင်းခေတ်ဆိုပြီးတော့တောင့် တင်စားခံရတဲ့အထိရိုက်ကူးမှု များခဲ့ပါတယ်။ လက်ရှိမှာ ဇနီးဖြစ်သူ စန္ဒီချိုနဲ့ လက်ထပ်ထားပြီး သားသမီးလေးယောက်ထွန်းကားခဲ့ပါတယ်။သာယာဖို့ကောင်းတဲ့ မိသားစုလေးပါပဲနော်။တစ်ယောက်နဲ့ တစ်ယောက်ယုံကြညမှုအပြည့်ရှိပြီး အနေဝေးပေမယ့်လည်း အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီးတော့ ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။သားလေးတစ်ယောက် သမိးလေးသုံးယောက်နဲ့ ချစ်ဖို့ကောင်းလွန်းလှတဲ့မိသားစုလေးတစ်ခုကို တည်ထောင်ထားနိုင်တဲ့နိုင်းနိင်းဟာ တာဝန်ကျေတဲ့ င်္ယောကျားကောင်းတစ်ယောက်ဖြစ်တယ်လို ဖူးဖူးကပြောပါတယ်။
ဖူးဖူး ကနိုင်းနိုင်းရဲ့ညီမငယ်လေးဖြစ်ပြီး သရုပ်ဆောင်မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ နိုင်းနိုင်းနဲ့ ကအသက် ငါးနှစ်ကွာပြီး စံပြအမျိုးသားကောင်းတစ်ယောက်ပါလို့ ဖူးဖူးက ပြောပါတယ်။မိသားစုအပေါ်မှာ ချစ်တတ်တဲ့ နိုင်းနိုင်းဟာ မိဘဖြစ်သူအတွက် အိမ်လေးတစ်လုံးဆောက်ပေးခဲ့တယ်လို့ ဖူးဖူးက ဆိုပါတယ်။မိဘတွေကို condo မှာမနေစေချင်တော့လို့ အပင်တွေနဲ့ အေးအေးချမ်းချမ်းရှိမယ့်အိမ်တစ်လုံးရှာပြီး တည်ဆောက်ပေးခဲ့တယ်လို့ နိုင်းနိုင်းရဲ့ ညီမဖြစ်သူ ဖူးဖူးက ပြောပါတယ်။သရုပ်ဆောင်အောင်မင်းခန့်ဟာ နိုင်းနိုင်းရဲ့ တစ်ဝမ်းကွဲညီဖြစ်ပြီး အောင်မင်းခန့်ဟာနိုင်းနိုင်းရဲံ အဝတ်အစားတွေကို ဗိုလ်ကျပြီး ယူဝတ်တယ်လို ဆိုပါတယ်။ ငယ်ငယ်ကတည်းက အမြဲတမ်း ထိန်းကွပ်ပေးတယ်လို့ ဆိုပါတယ်။ပရိတ်သတ်က ပိုပိုပြီး နုလာတယ်လို နိုင်းနိုင်းကို ချီကျူးကြပါတယ်။ နိုင်းနိုင်းကတော့ ကြာလေ ခန့်လေပါပဲနော်။ အစားအသောက်တွေ အဆီအစိမ့်တွေအများကြီး မစားတတ်တဲ့ နိုင်းနိုင်းဟာ ခန္ဓာကိုယ်ကိုလည်း ကျန်းမာကြည့်ကောင်းထိန်းသိမ်းထားပါသေးတယ်။ အမျိုသမီးဖြစ်သူက အနုပညာလုပ်ငန်းအပေါ်မချုပ်ချယ်တတ်တာကြောင့် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ ဝေးနေရပေမယ့် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်သစ္စာတရားတွေ ယုံကြည်မှုတွေရှိနေတာက တကယ် ကောင်းမွန်လှတဲ့ အိမ်ထောင်ပါပဲ ။ ကိုယ်နဲ့ လိုက်တဲ့ ဇာတ်ရုပ်ကိုပဲ ရွေးချယ်တတ်တဲ့နိုင်းနိုင်းဟာ ပရိတ်သတ်စိတ်ဝင်စားမယ့် အရည်အသွေးနဲ့ပြည့်မှှီတဲ့ ဇာတ်ရုပ်တွေကိုပဲ ရွေးချယ်ရိုက်ကူးဖြစ်မယ်လို့ နိုင်းနိုင်းက ဆိုပါတယ်။
အများဆုံးနှစ်ကားပဲ ရိုက်မယ်လို နိုင်းနိုင်းက ဆိုပါတယ်။သေချာရိုက်ကူးထားတဲံ ဇာတ်ကားကိုပဲ ပရိတ်သတ်တွေဆီကို ချပြမှာဖြစ်တယ် လို့ ဆိုပါတယ်ရုပ်ရှင်မင်းသား ရဝေအောင် ကလည်း နိုင်းနိုင်းနဲ့ သူငယ်ချင်းတွေဖြစ်ပြီး အခုချိန်ထိ အောင်မြင်မှုမကျသေးတဲ့ သူငယ်ချင်းဖြစ်သူအပေါ် ဝမ်းသာဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ရုပ်ရှင်မင်းသားဖြစ်သူ ခါရာက လည်း နိုင်းနိုင်းက သူ့အတွက်အားကျရတဲ့ စီနီယာဖြစ်တယ်လို့ ဆိုပါတယ်။ အတူသရုပ်ဆောင်ရတဲ့ အခါမှာ အတွေ့အကြုံအများကြီးရခဲ့တယ်လို့ ခါရာက ပြောပါတယ်။ နိုင်းနိုင်းရဲ့ ယောက်ကျားပီသလွန်းတဲ့ ရုပ်ရည်သွင်ပြင်ကြောင့်ပရိတ်သတ်ကြီးတို့ နှစ်ကြိုက်သဘောကျတာ အမှန်ပါပဲ။နိုင်းနိုင်းကတော့ ယောက်ကျားပီသတဲ့ စတိုင်လ်ဖြစ်အောင် လုပ်ယူထားတာမျိုးမဟုတ်ပဲနဲ့ ပုံမှန် gym ဆော့ ဆံပင်ပုံစံကို သေချာထားဖြစ်တာပဲ ရှိတယ်လို့ပြောပါတယ်။ ကဲ မိမိုက်လွန်းတဲ့ မင်းသားချောကြီးပါပဲနော်။ အသက်ကြီးပြီး မပျက်စိးသေးတာကတော့ တကယ် အံ့သြဖို့ကောင်းလွန်းပါတယ်နော်။ပြီးခဲတဲ့ covid ကာလမှာ နိုင်းနိုင်းတစ်ယာက် ကျန်းမာရေးကို ဂရုစိုက်ပြိးပရိတ်သတ်ကြီးတွေကိုလည်း အိမ်မှာပဲ နေဖို့ တိုက်တွန်းထားပါသေးတယ်။ကဲ စိုးရိမ်တတ်တဲ့ မင်းသားချောကြီးပါပဲ။ နိုင်ငံခြားမှာ မိသားစုနဲ့ ခွဲနေခဲ့ရပြီး နိုင်ငံခြားမှာသွားရောက်ရတဲ့ အချိန်မှာလည်း သမီးအကြီးဖြစ်သူက စိမ်းသွားတတ်တာကြောင့် မိသားစုကို အချိန်ပေးဖြစ်တယ်လို့ နိုင်းနိုင်းက ဆိုပါတယ်။facebook ပေါ်မှာ ပရိတ်သတ်တွေခွန်အားဖြစ်စေမယ့် စာလေးတွေကို ရေးတင်တတ်ပြီး ပရိတ်သတ်နဲ့ အဆက်မပြတ်တတ်သူ နိုင်းနိင်းကြောင့် ပရိတ်သတ်ကြီးတို့ အချစ်ပိုနေရမှာတော့ အမှန်ပါပဲနော် ကဲ အသက်ကြိးလာပေမယ့် ခန့်နေသေးတဲ့ မင်းသားကြီးရဲ့ အသဲစွဲပရိတ်သတ်ကြီးတွေ ရှိကြပါရဲ့လားနော်။