လက်ရှိအချိန်ထိ နုပျိုလှပနေဆဲဖြစ်တဲ့ မင်းသမီး ချစ်ချစ်ဇော် နဲ့ လင်းဇာနည်ဇော်

အရွယ်တင်နုပျိုပြီး ကျက်သရေရှိတဲ့အလှတရားတွေနဲ့ ညီအစ်မနှစ်ဦး...

လက်ရှိအချိန်ထိ နုပျိုလှပနေဆဲဖြစ်တဲ့ မင်းသမီး ချစ်ချစ်ဇော် နဲ့ လင်းဇာနည်ဇော်

မြန်မာ့ရုပ်ရှင်လောကမှာ တစ်ခေတ်တခါက နာမည်ကြီးခဲ့တဲ့ အနုပညာရှင် ညီအစ်မနှစ်ဦးရှိခဲ့ပါတယ်။ သူမတို့ ကတော့ အစ်မဖြစ်သူ ချစ်ချစ်ဇော် နဲ့ ညီမဖြစ်သူတို့ပဲ လင်းဇာနည်ဇော် ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူကတော့ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးသရုပ်ဖော်တဲ့ နာမည်ကြီး ဒါရိုက်တာ မိုက်တီး ပဲ ဖြစ်ပါတယ်။

လင်းဇာနည်ဇော် ရဲ့ အစ်မဖြစ်သူ ချစ်ချစ်ဇော် ဟာ ယဉ်ကျေးမှုဌာနကမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာမဖြစ်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး‌နောက်ပိုင်းမှာ အနုပညာလောကကို ဝင်ရောက်လာခဲ့ပါတယ်။

ချစ်ချစ်ဇော် ရဲ့ ညီမဖြစ်သူ လင်းဇာနည်ဇော် ကတော့ ဆံနွယ်ရှည်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ မျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

သူမဟာ နာမည်ကြီး မင်းသားတစ်လက်ဖြစ်ခဲ့တဲ့ ရဲကိုကို ရဲ့ဇနီးဖြစ်ပြီး လက်ရှိချိန်မှာတော့ အိမ်ထောင်ရေးအဆင်မပြေတာကြောင့် ကွာရှင်းခဲ့တာ ကြာခဲ့ပါပြီ။

သူမဟာ ချစ်ရတဲ့တစ်ဦးတည်းသမီးလေးကို တာဝန်ယူစောက်ရှောက်နေပြီး ဝမ်းရေးအဖြစ် “ရွှေခေါက်ဆွဲ”နာမည်နဲ့ အရသာရှိတဲ့ ရွှေတောင်ခေါက်ဆွဲ များကို အစ်မဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ စေတနာအပြည့် သန့်ရှင်းလတ်ဆက်စွာ ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။

အရမ်းကိုချစ်ကြတဲ့ ချစ်ချစ်ဇော် နဲ့ လင်းဇာနည်ဇော် တို့ရဲ့ ငယ်စဥ်ကဓာတ်ပုံလေးတွေနဲ့ အခုလက်ရှိအချိန်ထိနုပျိုပြီး ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။