အကြောင်းအမျိုးမျိုးကြောင့် လူသိများနာမည်ကြီးလာခဲ့ပြီး ပရိသတ်အချစ်ကိုရရှိထားသူများ

၂၀၂၂ ခုနှစ်အတွင်း ဆိုရှယ်မီဒီယာပေါ်မှာ လူသိများနာမည်ကြီးခဲ့တဲ့ ဆယ်လီများ ...

အကြောင်းအမျိုးမျိုးကြောင့် လူသိများနာမည်ကြီးလာခဲ့ပြီး ပရိသတ်အချစ်ကိုရရှိထားသူများ

ပရိသတ်ကြီးရေ Tik Tok ရိုက်ရင်းနဲ့ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင် Video လေးတွေဖန်တီးရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ လူသိများနာမည်ကြီးလာခဲ့တဲ့ ဆယ်လီတွေကတော့ နှစ်တိုင်းထွက်ပေါ်လာဆဲပါပဲနော်။ ဒီတစ်ခါမှာတော့ ၂၀၂၂ ခုနှစ်အတွင်း ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ်တွေကြား နာမည်ကြီးသွားခဲ့တဲ့ ဆယ်လီများကို ဖော်ပြပေးသွားမှာဖြစ်လို့ ခံစားကြည့်ရှု့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ 

၁) ဂျမ်းတောလေး

သရက်ကင်းရောင်းရင်း မိဘနှစ်ပါးနဲ့မောင်နှမ ၉ ဦးကို အစ်မကြီးအမိရာပီပီ စောက်‌ရှောက်နေရင်းသူများနဲ့မတူ တစ်မူထူးခြားစွာ စကားကိုအမြန်ပြောနိုင်လို့ လူသိများလာခဲ့တဲ့ ဂျမ်းတောလေး ကိုတော့ အားလုံးပဲရင်းနှီးကြမှာပါ။ ဂျမ်းတောလေးရဲ့နာမည်အရင်းကတော့ အေးချမ်းသူ ပါနော် ....။ မိခင်ကွယ်လွန်ရာကနေ သရုပ်ဆောင် စည်သူပလတ်ကျွတ် ရဲ့လက်တွဲခေါ်ယူမှု့နဲ့ ကြော်ငြာတွေဆက်တိုက်ရိုက်ကူးလာခဲ့ရပြီး သူမရဲ့ကြိုးစားအားထုတ်မှု့တွေ နဲ့ မိဘကိုသိတတ်တဲ့အကျိုးကျေးဇူးတွေကြောင့် လူမှု့ကွန်ယက်ပေါ်မှာ လူသိများ အောင်မြင်လာခဲ့တဲ့အပြင် ပရိသတ်တွေက ဂရုဏာသက်ပြီး ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိခဲ့ပါတယ်။ 

၂)အပွားလေး

အောင်ဆန်းကွင်းရှေ့က ရန်ကုန်ဘူတာကြီးထဲမှာ နေထိုင်ပြီး အသက်မွေးဝမ်းကျောင်းအနေနဲ့ မိဘကိုကူညီရင်း ပလုံကောက်ပြီး ဘဝကိုဖြတ်သန်းနေရတဲ့ အသက် ၈ နှစ်အရွယ် အပွားလေးဟာ မမျှော်လင့်ပဲ ဇွဲထက်ရွှေဆိုင် ကနေ ဓာတ်ပုံရိုက်ဖို့ ကမ်းလှမ်းခဲ့ရာကနေ အပြစ်ကင်းစင်ပြီး ဖြူစင်တဲ့အပြုံးလေးကြောင့် လူမှု့ကွန်ယက်ပေါ်မှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို ရရှိခဲ့တာပါ။ လှံထမ်းလာတာကို မြင်ရပြီး ကံထမ်းလာတာကို မမြင်ရတဲ့ အပွားလေး ရဲ့ ဘဝအလှည့်အပြောင်းကတော့ ထူးခြားလွန်းပါတယ် ပရိသတ်ကြီးရေ ... ။ 

၃)သွန်းမြတ်ကြယ်စင်

ကလေးသရုပ်ဆောင်အဖြစ် ဟိုးအရင်ထဲက အနုပညာလှုပ်ရှားမှု့တွေ ရှိခဲ့တဲ့ မီးမီးလေး သွန်းမြတ်ကြယ်စင် ကတော့ အနုပညာမှာပါရမီရှိတဲ့သူလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်ကို ရရှိထားတာပါ။ ဒါအပြင် ဖခင်ရဲ့ အစွမ်းကုန်ထောက်ပံ့ပေးမှု့ကြောင့် 2022 မှာ သီချင်းလေးတွေ စတင်ရိုက်ကူးလာခဲ့တဲ့အပြင် "ကကြီးလုံးတင်တစ်ချောင်းငင် " သီချင်းလေးဟာ Tik Tok တစ်ခွင်မှာလဲ နာမည်ကြီးလာခဲ့ပြီးနောက် ပရိသတ်လက်ခံအားပေးမှု့ကို ထပ်မံရရှိလာခဲ့ပြန်ပါတယ်။ လက်ရှိမှာလဲ သီချင်းအသစ်လေးတွေ ထွက်ဖို့ရှိနေပြီး မီးမီးလေးရဲ့အနုပညာကို စောင့်ကြည့်အားပေးကြပါအုန်းနော်။ 

၄) DJ Voilet

မိဘကိုတဖက်တစ်လှမ်းက ကူညီနိုင်ဖို့အားတဲ့အချိန်မှာ ကြက်သားကူရောင်းပေးရင်း ချောမောလှပလွန်းတဲ့ ရုပ်ရည်လေးကြောင့် လူသိများလာခဲ့တဲ့ DJ Voilet ခေါ် ထွေးမွန် ကို အားလုံးက ဟိုးအရင်အချိန်တွေထဲက သိကြမှာပါ...။ လက်ရှိမှာ သူမကတော့ ကြက်သားသည်ဘဝ ကနေ ‌အောင်မြင်တဲ့ DJ တစ်ယောက်အဖြစ်သို့ရောက်ရှိခဲ့ပြီး အလုပ်မှရရှိတဲ့ငွေကြေးတွေနဲ့ မိဘကိုထောက်ပံ့ပေးနိုင်နေပါပြီ...။ DJ လောက ဟာ အပြိုင်အဆိုင်များပြီး ကျောထောက်‌နောက်ခံမရှိတဲ့အပြင် ပညာရေးဘက်မှာလဲ အားနည်းတာကြောင့် အခက်အခဲတွေအများကြီးနဲ့ ကြိုးစားရုန်းကန်ခဲ့ရတဲ့ DJ Voilet ဟာ အားလုံးကချစ်ခင်အားပေးရတဲ့ အောင်မြင်တဲ့ DJ တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ 

၅)ကောင်းစစ်မင်း

လူအများသိအောင် "Transman" ဖြစ်ကြောင်းချပြပြီးနောက် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို ရရှိလာခဲ့ပြီး အားလုံးကလက်ခံအားပေးကြတဲ့ အသက် ၂၁ နှစ်အရွယ် ကောင်းစစ်မင်း (ခေါ်) ရွှေရည်လင်းထွန်း ကတော့ ယောက်ကျားလေးတစ်ယောက်နဲ့ ပိုတူအောင် လည်စိတွေ၊မျက်နှာကျတွေ နဲ့ အသံတွေပါ တူအောင် ဆေးထိုးထားတဲ့အပြင် အဓိကအစိတ်အပိုင်းဖြစ်တဲ့ ရင်ဘတ်ကိုပါ ခွဲစိတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပရိသတ်လက်ခံအားပေးမှု့တွေကြောင့် အနုပညာလုပ်ဖို့ကမ်းလှမ်းခံရတာတွေ ရှိနေပြီး အောင်မြင်မှု့တွေ ရရှိနေပါပြီ။ 

၂၀၂၂ ခုနှစ်အတွင်း ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးခဲ့တဲ့ ဆယ်လီများစွာ ကျန်ရှိနေသေးတာကြောင့် Celodia ပရိသတ်ကြီး သိထားတဲ့ဆယ်လီများ ရှိရင် ကောမန့်မှာတစ်ဆင့် ရေးသားသွားပေးခဲ့အုန်းနော်။ အချိန်တိုင်းအားပေးနေတဲ့ စာဖတ်ပရိသတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။