Smiley အယောက် ၁၀၀ ကို ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်ခရီးစဉ် အခမဲ့ပို့ဆောင်ပေးခဲ့တဲ့ စမိုင်းလ်

ဒီနေ့မှာကျရောက်တဲ့ ၃၉ နှစ်ပြည့်မွေးနေ့အတွက် ကုသိုလ်ယူခဲ့တဲ့ စမိုင်းလ် ...

Smiley အယောက် ၁၀၀ ကို ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်ခရီးစဉ် အခမဲ့ပို့ဆောင်ပေးခဲ့တဲ့ စမိုင်းလ်

တခေတ်တခါထဲက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်တစ်ယောက်ဖြစ်တဲ့ စမိုင်းလ် က ပေါ်ရှာနဲ့ ကလိုဝီ ဆိုတဲ့ သမီးနှစ်ယောက်ကို မွေးဖွားထားတဲ့ မေမေတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် စမိုင်းလ် ကတော့ အသက်ကြီးလာတာနဲ့အမျှ ရင့်ကျက်မှုတွေတိုးပြီး ပိုလှလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဇွန်လ ၂၂ ရက်နေ့ဟာ စမိုင်းလ် ရဲ့ ၃၉ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ 

စမိုင်းလ် ဟာ မွေးနေ့အထိမ်းအမှတ်အနေနဲ့  ရွှေတိဂုံ-ကျိုက်ထီးရိုး အဓိဌာန်ခရီးစဉ် အခမဲ့ပို့ဆောင်ပေးခဲ့ပြီး ကုသိုလ်ယူခဲ့တဲ့အကြောင်းကို " ကျမရဲ့ ၃၉နှစ်ပြည့်မွေးနေ့အမှတ်တယ မန်းလေးညောင်၁၀ပင် Smiley အယောက် ၁၀၀အား ရွှေတိဂုံ ကျိုက်ထီးရိုး အဓိဌာန်ခရီးစဉ်အား အခမဲ့ပို့ဆောင်ပြီးကုသိုလ်ပြုပေးခဲ့ပါတယ်။  နောက်လည်းအဓိဌာန်တွေအခုထက်ပို့နိုငိဆောင်ကြိုးစားပါ့မယ်ရှင် ဦးဆောင်ပေးတဲ့ Shwe Chan Smiley ကိုလည်းကျေးဇူးတင်ပါတယ်" လို့ စမိုင်းလ် ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ဒီနေ့မှာကျရောက်တဲ့ စမိုင်းလ် ရဲ့မွေးနေ့အတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှတစ်ဆင့်ရေးသားသွားပေးခဲ့ဦးနော်။  

အချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ အနုပညာရှင်တွေရဲ့ လက်တလောလှုပ်ရှားမှု့ ပုံရိပ်တွေ  နဲ့ တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်...။