မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံး အမျိုးသားဇာတ်ပို့ဆုရရှိခဲ့တဲ့ ဦးကျောက်လုံး ရဲ့ဘဝအကြောင်း

ဗီလိန်ဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အကယ်ဒမီ ဦးကျောက်လုံး ...

မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံး အမျိုးသားဇာတ်ပို့ဆုရရှိခဲ့တဲ့ ဦးကျောက်လုံး ရဲ့ဘဝအကြောင်း

ဒီနေ့မှာတော့ ပရိတ်သတ်ကြီးတိူ့ကို အရင်ခေတ်က အောင်မြင်ကျော်ကြားခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ဦးကျောက်လုံးအကြောင်းကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

အကယ်ဒမီ ဦးကျောက်လုံးကို ၁၉၁၇ ခုနှစ် အဖ ဦးသေး အမိ ဒေါ်တင် တို့မှ မြင်ူးခြံခရိုင် နွားထိုးကြီးမြို့တွင် မွေးဖွားခဲ့ပါတယ် ။မွေးချင်းခုနှစ်ဦးရှိသည့် အနက်တ္ငင် စတုတ္ထမြောက်သားဖြစ်ပါတယ်။ အမည်ရင်းမှာ ဦးအောင်ကြီးဖြစ်ပြီး မြင်းခြံမြို့တွင်စာသင်ခဲ့ကာ ထိုမြို့မှာပဲ စာမေးပွဲအောင်မြင်ခဲ့ပါတယ်။ ဆယ်တန်းအောင်ပြီးမြင်းခြံမြို့ ခရိုင်ရုံးစာရေးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ဦးအောင်ကြီးသည် အလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး စည်းစနစ်တကျ လုပ်ကိုင်ခဲ့ပါတယ်။

၁၉၄၂ ခုနှစိတွင် မြင်းခြံနှင့် မိတ္ထီလာထောင်များတွင် ထောင်မှူးအလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ ကန်ထရိုက်လုပ်ငန်းကိုပြောင်းလဲ လုပ်ကိုင်ခဲ့ပြီး ဦးအောင်ကြီးကို ကျော်အောင် ကုမ္ပဏီပိုင်ရှငိ အဖြစ် သိရှိကြပါတယ်။ ၁၉၅၂ ခုနှစ်တွင် မန္တလေးဥိးဘသိန်းတို့နှင့် အတူ သဂ်ဟ တူရိယာ အဖွဲ့အား စုပေါင်းတည်ထောင်ခဲ့တယ်။ ဂျပန်ခေတ် ၁၉၅၄ ခုနှစ် မန္တလေးတွင် ထောင်ပိုင်ဘဝဖြင့် နေနေစဥ် မိတ်ဆွေမန္တလေးရုပ်ရှင်မှ ပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်သော ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် ဘ၀သံသရာဇာတ်ကားတွင် သရုပ်ဆောင်ပေးရန်အကူအညီတောင်းသဖြင့် ဝင်ရောက်သရုပ်ဆောင်ပေးခဲ့ပါတယ် ။ဆရာဝန်အခန်း၌ ပါဝင်သရုပ်ဆောင်ခဲ့ရပြီး သရုပ်ဆောင် ပညာရပ်အားလွယ်ကူစွာနားလည်လွယ်ခြင်း ဒိုင်ယာလောဒ့်ပိုင်နိုင်ခြင်း စသည့်အနုပညာဓာတ်ခံများကြောင့် မကြာမီပင် ဇာတ်ကာဆက်လက်ရိုက်ကူးရန် အခွင့်အလမ်းကောင်းများရလာခဲ့ပါတယ်။ ထိုဇာတ်ကားတွင် မန္တလေးဦးအောင်ကြီးနာမည်ဖြင့် ပါဝင်ခဲ့သည်

ဒါရိုက်တာရွှေလုံးဘီးအောင်၏ ဤလူ့ဘောင်တွင်ဇာတ်ကားတွင်ပါဝင်ခဲ့ပြီး ထိုဇာတ်ကားတွင်လူယုတ်မာတစ်ဦးနေရာကနေသရုပ်ဆောင်ရပါတယ်။သရုပ်ဆောင်ပီပြင်လွန်းသည့်အတွက် ဦးအောင်ကြီးမှ ဦးကျောက်လုံးဆိုသည့် နာမည်တ္ငင်သွားခဲ့ပါတယ် ။မြစံပယ်မြိုင်ကလက်ဖြောင့်သေနတ်၊ ဆားပုလင်းနှင်းမောင်နှင့်မမင်းဖြုမှန်မှန်ပြော စတဲံအသံဇာတ်လမ်းတွေမှာပါဝင်ခဲ့ပြီး စကားပြောသော အသည်းနှလုံး၊ဘယ်ပန်းချီးရေးလို့မမှီ စတဲ့ဇာတ်ကားတွေ ရိုက်ကုးခဲ့ပါတယ်။

၁၉၆၂ခုနှစ်တွင် ရွှေမန်းရုပ်ရှင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ၏ “အတွေ့” ဇာတ်ကားဖြင့် ပထမဆုံး အမျိုးသားဇာတ်ပို့ ဆုရရှိ ခဲ့ပြီး ၁၉၆၄ခုနှစ်တွင် ရှုမဝဦးကျော်၏ “ရင်ဝယ်တသိမ့်သိမ့်” နှင့် ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆု ထပ်မံပြီးတော့ ရရှိခဲ့ပါတယ်။ ထို့နောက် ၁၉၆၅ခုနှစ်တွင် “ချစ်သမီး” ဇာတ်ကားဖြင့် တတိယအကြိမ် ထူးချွန်ဆု ရရှိ ခဲ့ပြန်ပါတယ်။ ထို”ချစ်သမီး” ဇာတ်ကားတွင် ပရိသတ် တွေ့မြင်နေကြ လူကြမ်း ဇာတ်ကောင် အဖြစ်မဟုတ်ပဲ မွေးစားသမီးဖြစ်သူအား လွန်စွာ ချစ်သော ဖခင်အဖြစ် သရုပ်ဆောင် ခဲ့ပြီး သမီးနေရာမှာပြ သရုပ်ဆောင် ခဲ့သူ ဝါဝါဝင်းရွှေပါ အကယ်ဒမီဆု ရရှိခဲ့သည်။

ဦးကျောက်လုံးသည် ထိုအချိန် ကာလများက ပရိသတ်၏ အရွံ၊ အမုန်းကိုလွန်စွာ ခံရပြီး ဝမ်းမြောက်ဝမ်းသာခံယူခဲ့သူလည်း ဖြစ်ပါတယ်။ “ပရိသတ် အရမ်းမုန်း ခံရလေ အရမ်းအောင်မြင်လေ” ဟုဆို ခဲ့ပါတယ် ပထမဆံုးအမျိုးသားဇာတ်ပို့ဆုရရှိခဲ့သူ ဖြစ်ပြီး အမျိုးသားဇာတ်ပို့ဆု သံုးကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့ပါတယ်။အနုပညာလောကသို့ဝင်ရောက်ကာစတွင် မန္တလေးမြို့အုတ်တန်းအရပ်၌ နေထိုင်သော်လည်း နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ပြောင်းရွေ့ကာ နောက်ဆံုးအချိန်အထိ နေထိုင်ခဲ့ပါတယ်။ ဇနီးသည်မှာ ဒေါ်မြမြဖြစ်ပြီး သားသမီး၇ ယောက်ထွန်းကားခဲ့ပါတယ်။ မြေးဖြစ်သူသာ အဖိုးရဲ့အနုပညာကို ဆက်ခံခဲ့ပြီး ဇာတ်ပို့သရုပ်ဆောင်အနေနှငိ့ အောင်မြင်မှုအတော်အသင့်ရရှိနေတဲ့ အကယ်ဒမီ ဝါဝါအောင် ဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မေလ ၂၆ ရက်တွင် ရန်ကုန်ရှိ တာမွေနေအိမ်၌ အသက် ၆၅ နှစ် အရွယ်တွင် ကွယ်လွန်ပါတယ်။

အကယ်ဒမီ ဦးကျောက်လုံးသည် လူကြမ်းဇာတ်ရုပ်ကိူ ပီပြင်စွာသရုပ်ဆောင်နိုင်သည့်အပြင် အချစ်မေတ္တာ ဒရာမာ ကျရာဇာတ်ရုပ်များတွင်လည်း ပီပြင်စွာသရုပ်ဆောင်ခဲံသောကြောင့် ယနေ့ထိတိုင်အနုပညာများယှဥ်သန်လျက်ရှိပြီး ပရိတ်သတ်တွေကလည်း ယခုထိတိုင် အမှတ်ရလျှက်ရှိကြပါတယ်။

အနုပညာလောကတစ်လျှာက်တွင် လျမ်းလျှမ်းတောက်အောင်မြင်ခဲ့သော လူကြမိးမင်းသားကြီးဦးကျောက်လုံး၏အကြောင်းကို တင်ဆက်ပေးသွားတာဖြစ်ပါတယ်။