အောင်မြင်မှု့တွေရရှိနေချိန် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်သွားခဲ့ရတဲ့ ဗီဒီယိုခေတ်က မင်းသားချောများ

ပရိသတ်တွေက လက်ရှိအချိန်ထိ မှတ်မှတ်ရရနဲ့ချစ်ခင်နေကြဆဲပါပဲ...။

အောင်မြင်မှု့တွေရရှိနေချိန် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့်သွားခဲ့ရတဲ့ ဗီဒီယိုခေတ်က မင်းသားချောများ

တစ်ခါက ဗီဒီယိုဇာတ်ကားတွေ တစ်ခေတ်ဆန်းခဲ့တဲ့ကာလတွေမှာ နာမည်ကြီးခဲ့တဲ့မင်းသားချောများစွာ ပေါ်ထွက်ခဲ့ပါတယ်။ အဲ့ဒီထဲကမှ အမျိုးသမီးပရိသတ်တွေ အဓိကအားပေးချစ်ခင်မှု့ကိုရရှိခဲ့တဲ့ မင်းသား ကျော်သက်၊ နောင် ၊ ရှိုင်းအောင်၊ ပြေငြိမ်း တို့ကို လက်ရှိအချိန်ထိ မှတ်မိနေကြအုန်းမယ်ထင်ပါတယ်။  အနုပညာလောကမှာ အချိန်မတန်ဘဲအကြွေစောခဲ့ရတဲ့ ကြယ်ပွင့်တွေကို ပရိသတ်တွေ အမှတ်တရရှိစေဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

၁) ထိုင်းမင်းသားနဲ့မျက်နှာချင်းဆင်လို့ " မြန်မာထုံချိုင်း" ရယ်လို့ နာမည်ကြီးခဲ့တဲ့ နောင် 

အဆို‌တော်၊ သရုပ်ဆောင် နောင် ဆိုတာ သူ့ခေတ်သူ့အခါက မိန်းကလေးပရိသတ်တွေရဲ့ အိမ်မက်ထဲက ရွှေမင်းသားလေးတစ်ယောက်ဖြစ်သလို အခုခေတ် အမျိုးသမီးလေးတွေ ကိုရီးယားမင်းသား၊ ထိုင်းမင်းသားလေးတွေကို သည်းသည်းလှုပ် အားပေးခဲ့ကြသလိုပဲပေါ့ ။ ‌အဆိုတော်မော်ဒယ်လ်သရုပ်ဆောင် နောင် ဆိုတာလည်း အဲ့ဒီခေတ်တုန်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ပါပဲ။ နောင်ဟာ အနုပညာလောကမှာ ထွန်းတောက်လာမယ့် ရွှေကြယ်တစ်ပွင့်ဖြစ်လာပြီး အောင်မြင်မှုများစွာရရှိနေချိန်မှာပဲ ရုတ်တရက် အနုပညာလောကကနေ ပျောက်ကွယ်သွားခဲ့ပြီးနောက် ၁၉၉၉ခုနှစ်၊ မတ်လ ၁၉ ရက်နေ့မှာ အဆုတ်ကင်ဆာ ရောဂါ နဲ့ အသက် ၂၇ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ 

၂) မျက်နှာကျက ကြည့်ကောင်းလွန်းလို့ အပြုံးမင်းသားရယ်လို့ နာမည်ကြီးခဲ့တဲ့ ရှိုင်းအောင် 

ရုပ်ရှင်မင်းသားချောတစ်ဦးဖြစ်တဲ့ အက်ရှင်ဒရာမာ မင်းသားရှိုင်းအောင် ဟာ ခေတ်သူ့အခါက တန်းတန်းစွဲ အားပေးခဲ့ဖူးကြတဲ့ ပရိသတ်တွေအများကြီးပါပဲ။ ရှိုင်းအောင် ဆိုတာ အိန္ဒိယမင်းသားတွေလို နှာတံချွန်ချွန်ကို ပိုင်ဆိုင်ထားပြီး ကိုရီးယားမင်းသားတွေလို မျက်လုံးကျဥ်းကျဥ်းလေးနဲ့ ပြုံးလိုက်ရင် ထိုင်းမင်းသားတွေ ထိုင်ငိုရလောက်အောင် ကြည့်ကောင်းလွန်းတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ရသစုံလင်တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားပေါင်း ၅၀ကျော်ရိုက်ကူးခဲ့ပြီး အောင်မြင်နေတဲ့အချိန်မှာ မကွေးတိုင်း၊ အထက်မင်းလှ မြို့နယ်၊ မလွန်ရွာ မြသပိတ်ဘုရားပွဲမှာ စတိတ်ရှိုးဆိုဖို့လိုက်လာရင်း အစာအိမ်သွေးကြောပေါက်ပြီး မကွေးဆေးရုံးမှာတတ်ရောက်ကုသနေရင်းမှာပင် ငယ်ငယ်ရွယ်ရွယ်နဲ့ ပရိသတ်တွေကို ထာဝရနှုတ်ဆက်ခဲ့ပါတယ်။ 

၃) တစ်ခါက မိန်းကလေးပရိသတ်တွေရင်ထဲက ရွှေမင်းသား ကျော်သက်

မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်မှု့များစွာရရှိနေချိန် အချိန်မတန်ဘဲ ကြွေလွင့်ခဲ့ရတဲ့ အနုပညာကြယ်ပွင့်တွေထဲကမှ တစ်ခေတ်တခါက မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားချောလေး ကျော်သက် လည်း ပါဝင်ခဲ့ပါတယ်။  အဲ့ဒီခေတ်အခါက နေကာမျက်မှန် နှစ်ထပ်နဲ့သူ့စတိုင်လ်ကို ပရိသတ်တွေ မျက်စိထဲမြင်ယောင်နေကြအုန်းမှာပါပဲနော်။ မြန်မာ့ရုပ်ရှင်လောကမှာ သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေနဲ့ ဗီဒီယိုဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ မင်းသား ကျော်သက် ကိုတော့ ပရိသတ်တွေအားလုံးက လက်ရှိအချိန်ထိတိုင် မှတ်မိနေအုန်းမှာ အသေအချာပါပဲနော်။ 

၄) သွားပေါ်အောင်ရယ်လိုက်ရင်" သွားတတ်"လေးနဲ့အရမ်းချောခဲ့တဲ့ မင်းသား ပြေငြိမ်း

အရပ်မြင့်မြင့်နဲ့ ယောက်ကျားပီသတဲ့မျက်နှာ‌ကို ပိုင်ဆိုင်ထားတဲ့အပြင် သွားပေါ်အောင်ရယ်လိုက်ရင် ” သွားတတ်” ခပ်ချွန်ချွန်လေးနဲ့ တစ်ခေတ်တစ်ခါက မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးမှု့ကို ရရှိထားတဲ့ မင်းသားချော ပြေငြိမ်း ကတော့ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အအောင်မြင်ဆုံး နာမည်ကြီးမင်းသားတစ်လက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ပြေငြိမ်း ဟာ အောင်မြင်မှု့တွေရရှိနေချိန်မှာ ရုပ်ရှင်ရိုက်ကူးဖို့ ရထားနဲ့ခရီးထွက်လာရင်း ညအချိန် ရထားခေါင်မိုးမှတစ်ဆင့် တွဲကူးတဲ့အချိန်မှာ ခပေါင်းတံတားသံဘောင်နဲ့ ရိုက်မိပြီး ခပေါင်းချောင်းထဲကျပြီး ရုတ်တရတ် ကွယ်လွန်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ 

Celodia ပရိသတ်ကြီးရေ အခုတင်ဆက်ပေးခဲ့တာကတော့ အောင်မြင်မှု့တွေရရှိနေချိန် အချိန်မတိုင်ခင်ကြွေလွင့်သွားခဲ့ရတဲ့ ဗီဒီယိုခေတ်က မင်းသားချောများ ဖြစ်ပါတယ်။ အချိန်တိုင်းအားပေးနေတဲ့ စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်၊ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။