ပရိသတ်တွေကို ပြက်လုံးတွေနဲ့ ဘဝအမောပြေစေခဲ့တဲ့ ဟာသ လူရွှင်တော်ကြီး ရှဲဒိုး

တစ်ချိန်က ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ လူရွှင်တော်ကြီး...

ပရိသတ်တွေကို ပြက်လုံးတွေနဲ့ ဘဝအမောပြေစေခဲ့တဲ့ ဟာသ လူရွှင်တော်ကြီး ရှဲဒိုး

တချိန်က မြန်မာ့ဇာတ်သဘင်လောကမှာ ညီအစ်ကိုလိုအရမ်းချစ်ကြတဲ့ အဖွဲ့ဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ ရွှေညီကိုအဖွဲ့ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်။ ငြိမ်းချမ်း၊ကောင်းကျော်၊ဝိုင်းချစ်၊ရှဲဒိုး၊ထက်ထက် တို့နဲ့ဖွဲ့စည်းထားပြီးတော့ ပရိသတ်တွေကို ဆယ်စုနှစ်တစ်ခုကြာအောင် ရယ်စရာပျော်စရာ ပြက်လုံးအမျိုးမျိုးနဲ့ ဇာတ်ခုံပေါ်ကနေ တင်ဆက်ပေးခဲ့တဲ့ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။

ရွှေညီကိုအဖွဲ့  ဟာ ရှု့မဝဇာတ်သဘင်၊ ရွှေသရဖူအငြိမ့်သဘင်၊ တင့်တင့်တို့ဇာတ်ခုံပေါ်မှာ အစရှိတဲ့ သဘင်ပွဲတွေဟာ အထူးအောင်မြင်ခဲ့ပါတယ်။ အဲ့အထဲကမှ ရှု့မဝဇာတ်သဘင်အငြိမ့်သဘင် ကတော့ ပရိသတ်တွေ ပိုမိုလူသိများလာခဲ့ပြီး မြန်မာနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့ပြီးနောက် ရွှေညီကိုတွေ ဟာ ဗီဒီယိုဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင်တွေအဖြစ် ပရိသတ်တွေကို နောက်ထပ်ပုံစံတစ်ခုနဲ့ ဆက်လက်ဖျော်ဖြေခဲ့ကြပါတယ်။

ဒီလိုအောင်မြင်မှု့တွေရရှိနေရင်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လူရွှင်တော်ကြီး ရှဲဒိုး ဟာ ကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေအားလုံးက ဝမ်းနည်းခဲ့ရပါတယ်။ လူရွှင်တော်ကြီး ရှဲဒိုး ရဲ့နာမည်အရင်း ဟာ လှမြင့် ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ လူရွှင်တော် ဝိုင်းချစ်နဲ့အတူ သစ္စာမေတ္တာ‌ရွှေမန်းသဘင်ကစပြီး ဇာတ်သဘင်လောကကို လျှောက်လှမ်းလာတာ ကွယ်လွန်တဲ့အထိပဲ ဖြစ်ပါတယ်။ ရှဲဒိုး ဆိုတဲ့နာမည်ကို ဂီတစာဆို ဦးဂမုန်း က ပေးခဲ့တာဖြစ်ပြီး လက်ဦးဆရာကတော့ လူရွှင်တော် ပေါ်ဦးပဲ ဖြစ်ပါတယ်။

လူရွှင်တော် ရှဲဒိုး ဟာ လူရွှင်တော်ကြီး ဦးမော့စ်လို့ အမူအရာမျိုးလုပ်ပြရင် အရမ်းကိုပီပြင်လွန်းပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို အခြားအဖွဲ့ဝင်တွေထက် ပိုမိုရရှိခဲ့တဲ့ လူရွှင်တော်ကြီးပဲ ဖြစ်ပါတယ်။ တရုတ်မင်းသား လုရီ ခေတ်စားတဲ့ကာလမှာ သူ့ကိုယ်သူ လုရီ နဲ့ တူတာကြောင့် "လုရီရှဲ" ဆိုပြီး ပြောတတ်တဲ့ ဦးရှဲဒိုး ကို ပရိသတ်တွေအားလုံးက သဘောကျခဲ့ကြပါတယ်။ 

"မိန်းယူရင် သွားခေါ ရှာယူတဲ့၊ ကြည့်လိုက်ရင်အမြဲပြုံးနေတယ်ထင်ရ၊ အလှူမှာအုန်းသီခြစ်ရင် အုန်းခြစ် မလိုဘူး၊ ခါးစောင်းပေါ်တင် အုန်းသီးကိုင်ပြီး သွားခေါနဲ့ ဂျစ်ဂျစ်ဂျစ် ..."ဆိုပြီး ဟန်ပန်အမှုအရာနဲ့လုပ်ပြခဲ့တဲ့ ပြက်လုံးတွေနဲ့အတူ၊ "ရှဲဒိုး...ရှဲဒိုး...နှုပ်ခမ်းမွှေး..ကားကားလေးနဲ့...ရှဲဒိုးသူခိုး..."ဆိုပြီး ခပ်တည်တည်မျက်နှာအမှုအရာ‌နဲ့ လုပ်ပြခဲ့တဲ့ ရှဲဒိုး ရဲ့ ဟာသပြက်လုံးတွေဟာ ပရိသတ်တွေကို မရယ်ရမနေနိုင်အောင်ကို ဖြစ်ခဲ့ရပါတယ်။ 

လူရွှင်တော်ကြီး ရှဲဒိုး ဟာ ဖဲရိုက်တာနဲ့ ဆေးလိပ်သောက်တာကို ခုံမင်နှစ်သက်သူဖြစ်ပြီး ပျော်ပျော်နေတတ်တဲ့ သူလဲဖြစ်ပါတယ်။ ဆေးလိပ်သောက်လွန်းတာကြောင့် ဆီးချိုရောဂါနဲ့  ခြေထောက်တစ်ဖက်သွေးကြောပုပ်ပြီး ဖြတ်ရတဲ့ အနေအထားထိရောက်ခဲ့ပေမယ့် သူ့ရဲ့ဝေဒနာတွေကိုမေ့ထားပြီး လေးနှစ်နီးပါး ပရိသတ်တွေကို ပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့သူပါ။ ဒီလိုမျိုးပရိသတ်တွေကို စေတနာထားချစ်ခင်တဲ့ လူရွှင်တော်ကြီး ကွယ်လွန်သွားခဲ့တာကြောင့် ချစ်တဲ့ပရိသတ်တွေအားလုံး ဝမ်းနည်းခဲ့ကြရပါတယ်။ 

လူရွှင်တော် ရှဲဒိုး မှာ တစ်ဦးတည်းသောသားလေးတစ်ဦးရှိပြီး နာမည်ကတော့ ကောင်းဇင်ဟိန်းလို့ခေါ်ပါတယ်။ ချစ်ရတဲ့သားလေး အိမ်ထောင်ပြုတဲ့အချိန်မှာ သူ့ရဲ့ရွှေညီကိုအဖွဲ့တွေက ဖခင်နေရာကနေပေးခဲ့ပြီး အစစအရာရာ ကူညီဆောင်ရွက်ပေးခဲ့တာကြောင့် ရှဲဒိုးအပေါ်ထားတဲ့ ‌ရွှေညီကို တွေရဲ့သံယောဇဥ်ကို အားလုံးကချီးကျူးခဲ့ကြပါသေးတယ်။ လူရွှင်တော်ကြီး ရှဲဒိုးကွယ်လွန်တာ ၁၂ လပိုင်း ၊၂၆ ရက်နေ့ ဆိုရင် ၁၅ နှစ်ကျော်ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လဲ အခုချိန်တိုင် နှုတ်ခမ်းမွှေးကားကားနဲ့ သူ့ကိုယ်သူ "လုရီ"လို့ ပြောတတ်ပြီး ပရိသတ်တွေကို ရယ်မောစေခဲ့သူ "ရှဲဒိုး"ဆိုတဲ့ နာမည်တစ်လုံးက ပရိသတ်တွေကတော့ အမြဲတမ်းအမှတ်ရနေဆဲပါပဲ။

အချိန်တိုင်းဖတ်ရှု့ပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာပျော်ရွှင်တဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်...။