စိတ်ဝင်စားဖို့ကောင်းတဲ့ သရုပ်ဆောင် စမိုင်းလ် ရဲ့ သူ့ဘဝသူ့အနုပညာအကြောင်း

အမျိုးသမီးတိုင်း အားကျရတဲ့ စမိုင်းလ် ရဲ့ဘဝအကြောင်း...။

စိတ်ဝင်စားဖို့ကောင်းတဲ့ သရုပ်ဆောင် စမိုင်းလ် ရဲ့ သူ့ဘဝသူ့အနုပညာအကြောင်း

SMILE ဆိုရင်တော့ အလှုအတန်းရက်ရောလွန်းတဲ့သူလို့ တွဲသိကြမှာပဲနော် အရမ်းချစ်တတ်တဲ့ အမျိုးသားကိုပိုင်ဆိုင်ထားပြီးချစ်ရတဲ့ သမီးလေးနှစ်ယောက်နဲ့ အတူ စီးပွားရေးလုပ်ငန်းတွေအပြင် အနုပညာလုပ်ငန်းတွေကိုပါ မလစ်ဟင်းရအောင်ကြိုးစားလုပ်ဆောင်နေတဲ့ မော်ဒယ်မင်းသမီးတစ်ဦးပါပဲ ။ စမိုင်းရဲ့ နာမည်အရင်းက မသံသာထူးဖြစ်ပါတယ် ။သူမကို ၁၉၈၆ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မှာ မွေးဖွားခဲ့ပါတယ်။ အနုပညာမျိုးရိုးဖြစ်ပြီး တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်မင်းသမီး ခင်လေးဆွေရဲ့ မြေးတစ်ယောက်ဖြစ်ပါတယ်။

အနုပညာမျိုးရိုးရှိခဲ့ပြီး အနုပညာကို ဝါသနာပါခဲ့ပါတယ်။သူမဟာ ညီအမ နှစ်ယောက်ရှိတဲ့ အနက်မှာ အငယ်ဆုံးသမီးဖြစ်ပြီး အမတစ်ယောက်ရှိပါသေးတယ်။ သူမဟာ လန်ဒန် Uxbridge Collegeမှာ သွားရောက်ပညာသင်ကြားခဲ့ပါတယ်။ သူမဟာ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်က ကျော်ကြားသော မြန်မာ မော်ဒယ် သရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။သူမဟာ သူမရဲ့ မော်ဒယ်အလုပ်ကို ၁၉၉၈ ခုနှစ် သူမအသက် ၁၄ နှစ်အရွယ်လောက်က စတင်ဝင်ရောက်လာခဲ့ပြီး မဂ္ဂဇင်း ကာဗာ တွေနဲ့ စီးပွားရေးနဲ့သက်ဆိုင်တဲ့ ကြော်ငြာတွေမှာ စတင်ရိုက်ကူးခွင့် ရခဲ့ပါတယ်။ တီဗီ တွေမှာတင်ဆက်တဲ့ စီးပွားရေးကြော်ငြာတွေေမှာလည်းပါဝင် ရိုက်ကူးခဲပါတယ်။ ပရိတ်သတ်တော်တော်များများကတော့ မသိကြသေးပါဘူး။ ဒါပေမယ့် ရုပ်ရှင်ကုမ္မဏီတစ်ချို့ကတော့ သူမရဲ့ ချောမောတဲ့ ရုပ်ရည်နဲ့ သရုပ်ဆောင်နိုင်စွမ်း အရည်အသွေးကို သတိထားမိတာကြောင့် မင်းသမီးတစ်ယောက်ဖြစ်လာဖို့ ကမ်းလှမ်းခဲ့ပါတယ်။

ကမ်းလှမ်းလာမှုတွေကို လက်ခံခဲပြီး အချစ်သည် လေပြေဆိုတဲ့ ဇာတ်ကားကို ပထမဦးဆုံးရိုက်ကူးခဲ့ပါတယ် ။ထို ဇာတ်ကားမှာ ပြည်သု့ အချစ်တော်များဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသားဒွေးနဲ မင်းသမီးအိန္ဒြာကျော်ဇင် တို့ပါဝင်ခဲ့ပြီး SMILE ကတော့ ဇာတ်ပို့ နေရာကပါဝင်ခဲ့ပါတယ်။ ထို ရုပ်ရှင်ဇာတ်ကားဟာ အောင်မြင်မှုရရှိခဲ့ပြီး SMILE ကိုလည်းတွဲကာ ပရိတ်သတ်သတိထားမိလာပါတော့တယ်။ ၂၀၀၂ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ခုကို စတင်သရုပ်ဆောင်ခဲ့ပါတယ် ။ထိုဇာတ်ကားရဲ့ နာမည်ကတော့ ကျားမှီးဆွဲ ကိုကို မျောက်မူးလဲမမ ဖြစ်ပြီး ထိုဇာတ်ကားမှာ SMILE မှာ အဓိက နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ် ။ဝေဠုကျော်၊ နန္ဒာလှိုင်စတဲ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ပါဝင် သရုပ်ဆောင်ခဲံပြီး ပရိတ်သတ်အားပေးမှုရရှိခဲ့ပါတယ်။

ထိုဇာတ်ကားကို ၂၀၀၂ ခုနှစ်က မြန်မာ့ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့ပါတယ် ။ထိုနောက်မှာတော့ smile ဟာအဂ်လန်ကို ထွက်သွားခဲ့ပါတယ်။ SMILE ဟာ ပရိတ်သတ်အားပေးမှု အရှိန်အဟုန်မြင့်နေတဲ့ အချိန်မှာ ပရိတ်သတ်ရဲ့ မျက်စိအောက်ကပျောက်သွားခဲ့တာဖြစ်ပြီး၂၀၁၂ ခုနှစ်မှာ သူမရဲ့ တေးဆို အလုပ်ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ပရိတ်သတ်ဆီကို သီချင်းခွေ တစ်ခွေနဲ့ ပြန်ပေါ်လာတာဖြစ်ပြီး သူမရဲ့ ဂီတ အနုပညာ ခြေလှမ်းအစကတော့ NEW MEလို့ ခေါ်တဲ့တစ်ကိုယ်တော် ABLUMဖြစ်ပါတယ်။ SMILE ဟာ သူမရဲ့NEW ME ABLUMကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ ပရိတ်သတ်တွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ သူမရဲ ဂီတအနုပညာလမ်းကြောင်းကို ထို ABLUM နဲ့ စတင် ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ မှာတော့ ရုပ်ရှင် အနုပညာလမ်းကြောင်းကို ပြန်လည် ရောက်ရှိလာခဲ့ပြီး ဂယက်တွေပါဟယ် ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ် ။

BODY SHAMING နဲ FITNESS အကြောင်းကို အဓိက ရေးသားထားတဲ့ SHARING IS CARING စာအုပ်တစ်အုပ်ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရေးသားထုတ်ဝေခဲ့ပါတယ် ။ ထို စာအုပ်မှာအိမ်ထောင်သည် အမျိးသမီးတွေအတွက် အားမငယ်ဖို့ အမြဲတမ်း လှပအောင်နေဖို့ အားပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး စိတ်ဓာတ်ခွန်အားဖြစ်တဲ့ စာများကို ရေးသားပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ် ။ smile က အိမ်ထောင်ကျခါစက ပေါင် ၂၀၀ ကျော်အထိ ဝ ဖူးခဲ့ပြီး အမျိုးသားဖြစ်သူ ကတော့ ချစ်မြဲချစ်ဆဲပဲဖြစ်တယ်လို့ smile ကပြောပြီး ယောက်ကျားဖြစ်သူကိုလည်း ကျေးဇူးတင်ကြောင်းပြောထားပါတယ်။ အိမ်ထောင်သည် မေမေများ ဝယ်ဖတ်ကြပါနော်။ SMILE ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ပြည့်မောင်နှင့် လက်ထပ်ခဲ့ပြီး သူကိုယ်တိုင် လည်းစီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လည်းဖြစ်ပါတယ်။

SMILE ဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး VMG TELECOM၊ VMG COMPANIES လက်အောက်ကYtalk ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ပြည့်မောင်နှင့် စုနဒီမောင် နဲ့ စုရတီမောင် ဆိုတဲ့ သမီးလေးနှစ်ယောက်လည်း ထွန်းကားခဲ့ပါတယ်။သူမရဲ့ သမီးနှစ်ယောက်ထဲ့ကမှ သမီးအကြီးလေးဖြစ်တဲ့ စုနဒီမောင်ဟာ လည်း မော်ဒယ်တစ်ယောက်ဖြစ်ပါသေးတယ် ။သူမကို portia လို့လည်းခေါ်ပါတယ် ။ မော်ဒယ် portia ပေါ့နော် မေမေ့ အနပညာ အလုပ်ကို ဆက်ခံမယ့် သမီးလေးပါပဲ မော်ဒယ်လုပ်တဲ့ သမီးလေးအတွက် home gymတစ်ခုကိုလည်းလုပ်ပေးထားပါသေးတယ် သမီးလေးကို အရမ်းချစ်တဲ့ မေမေ smile ပါပဲ။ portia ဟာ အသက် ၁၆ နှစ်ပြည့်ပြီးသွားပြီဖြစ်ပြီး ချစ်သူရွေးမှားမှာ စိုးရိမ်မိတယ်လို့ smile ကဆိုပါတယ်။ ညီမလေး စုရတီမောင်ကတော့ cloe လို့ ခေါ်ပါတယ် မမ portia ဟာနိုင်ငံကြားမှာ ကျောင်းသွားတတ်တော့မှာ မို့ ကြိုပြီးလွမ်းနေတယ်လို့ ပရိတ်သတ်တွေကို ပြောပါတယ် ။

အမျိုးသားဖြစ်သူ ကိုပြည့်မောင်နဲ့လဲ တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြပြီး အိမ်ထောင်သက် ၁၅ နှစ်ကျော်သွားပါပြီ အမျိုးသားဖြစ်သူနဲ့ အခုလို ချမ်းချမ်းသာသာ နဲ့ အောင်မြင်အောင် ကြိုးစားခဲ့ရတယ်လို့ smile ကပြောပါတယ် တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိရှိ အပေးအယူ မျှမျှနဲ့ လက်တွဲသွားဖို့ က အိမ်ထောင်တစ်ခုမှာ အလိုအပ်ဆုံဖြစ်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မွေးနေ့မှာ ခင်ပွန်းသည်ဆီက စိန်နဲမြ တစ်ဆင်စာ မွေးနေ့လက်ဆောင်ရရှိခဲ့ပြီး အရမ်းပျော်ခဲ့တယ်လို့ smile ကဆိုပါတယ်ချစ်တတ်တဲ့ အမျိုးသားကို ပိုင်ဆိုင်ထားတာပါပဲနော်။

smile တို့ရဲ့ အိမ်ထောင်ရေးကို အားကျတဲ့ ပရိတ်သတ်တွေကလည်း အများအပြားပါ နှစ်ယောက်သား ချစ်မြတ်နိုးကြပြီး အာဇာနည်တို့ မိသားစုနဲ့ family type ခြင်းတူတယ်လို့ စမိုင်းက ပြောပါတယ် ။ အဘွားဖြစ်သူ ဒေါ်ခင်လေးဆွေကလည်းသားသမီးနဲ့ မြေးလေးတွေ သာသနာလုပ်ငန်းမှာ ပျော်ပျော်ရွင် ရွင်ဆောင်ရွက်နေတာကို ကြည့်ပြီး ကျေနပ်ပီတိဖြစ်မိတယ်လို့ ဆိုပါတယ် အဘွားနှင့် အတူတူ မြေးမ လေးတွေက ပျော်ရွင်စွာ ယှဥ်တွဲ နေထိုင်ကြပြီး တကယ် အေးချမ်းတဲ့ မိသားစုလေးပါပဲ ။ smile ဟာ စီးပွားရေးအကွက်မြင်သလောက် ချမ်းသာလွန်းပြီး အလှုအတန်းများကိုလည်း ပုံစံအမျိုးမျိုး ပြုလုပ်ခဲ့ပါသေးတယ် ဘာသာရေးကိုင်းရှိုင်းလွန်ုးပြီး ခင်ပွန်းဖြစ်သူနဲ့ သမီးနှစ်ယောက်နဲ့ အတူဘာသာရေးနှင့်ပတ်သတ်တဲ့ လုပ်ဆောင်မှုတွေကိုလည်း မကြာခဏလုပ်ပါတယ် ပရိတ်သတ်တွေနဲ့လဲ့ အဓိဌာန်များစွာကို ဝေမျှလုပ်ဆောင်ပြီး ကောင်းမွန်နွေးထွေးတဲ့ အသိုက်အဝန်းတစ်ခုကို ပရိတ်သတ်တွေနဲ့အတူ တည်ဆောက်ထားတာပဲဖြစ်ပါတယ် ။

ချမ်းသားလွန်းပေမယ့် top tenဖြစ်ဖို့ ကို စိတ်ကူးထဲ မရှိဘူးလို့ ဆိုပါတယ် သမီးလေးတွေကိုလည်း ဝါသနာကို မပိတ်ပင်ပဲ ဝါသနာပါရာကို ပေးလုပ်မယ်လို့ smile ကဆိုပါတယ် တော်လွန်းတဲ smile ဟာ မြန်မာနိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ဂုဏ်ထူးဆောင်သံတမန်အဖြစ် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ လမှာခန့်အပ်ခံခဲ့ရပါသေးတယ်။ စမိုင်းလ် ကတော့ မကြာသေးခင်ရက်ပိုင်းလောက်က ဒေါ်လာ ၁၆.၇ သန်းတန်တဲ့ နာမည်ကြီးYoutuber တစ်ယောက်ရဲ့ စံအိမ်ကြီးကိုဝယ်ယူခဲ့တာကြောင့် လူမှု့ကွန်ယက်ပေါ်မှာ ဂယက်တွေထခဲ့ပါသေးတယ်။

စီးပွားရေး အိုင်ဒီယာ အရမ်းကောင်းတဲ့smile ကိုတော့ ခင်ပွန်းဖြစ်သူကလည်း အကြံဉာဏ်အမြဲပေးတယ်လို့ smile ကဆိုပါတယ်။ စမိုင်းဟာ အခုအချိန်မှာ စီးပွားရေးလုပ်ငန်းများစွာကို ဦးဆောင်လုပ်နေပြီး အနုပညာလုပ်ရှားမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

အချိန်တိုင်းအားပေးနေတဲ့ Celodia Media စာဖတ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်။ အနုပညာရှင်တွေရဲ့ Update သတင်းတွေအပြင် တခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ၊ အဆိုတော်များ နဲ့ နယ်ပယ်စုံအလွှာစုံ က အနုပညာရှင်အသီးသီး တို့ရဲ့ ဘဝအကြောင်းတွေကို လေ့လာသိရှိရသလောက် ဖော်ပြပေးအုန်းမှာဖြစ်လို့ စောင့်ကြည့်အားပေးကြပါအုန်းနော်…။