မယ်ဒလင်တစ်လက်နဲ့ သီချင်းတွေဆိုရင်း ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်ခဲ့တဲ့ အဆိုတော်ကြီး တွံတေးစိုးအောင် ကွယ်လွန်

မြန်မာသံစဥ်စစ်စစ်တွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်ခဲ့တဲ့ အဆိုတော်ကြီး

မယ်ဒလင်တစ်လက်နဲ့ သီချင်းတွေဆိုရင်း ပရိသတ်တွေရဲ့နှလုံးသားကို သိမ်းပိုက်ခဲ့တဲ့ အဆိုတော်ကြီး တွံတေးစိုးအောင် ကွယ်လွန်

မြန်မာသံစဥ်သီချင်းတွေကို သီဆိုရင်းအောင်မြင်ကျော်ကြားခဲ့တဲ့ တချိန်က အဆိုတော်ကြီး တွံတေးစိုးအောင် ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမှာပါ။ တွံ့တေးစိုးအောင် ရဲ့ နာမည်အကြီးဆုံး တေးသီချင်းတွေဖြစ်ကြတဲ့ “ယူမိတာမှားပြီ၊အပြစ်ရှိလို့မုန်းတာလား၊ ဆင်သေစီးတဲ့ကျီးမိုက် အစရှိတဲ့သီချင်းကောင်းများစွာအပါအဝင် နာမည်ကြီးအဆိုတော်များဖြစ်ကြတဲ့ စိုးစန္ဒာထွန်း၊ပိုးအိစံ တိုနဲ့လဲတွဲဖက်ပြီး သီချင်းတွေထွက်ရှိခဲ့ပါတယ်။

မယ်ဒလင် ကို ၁၃ နှစ်သားအရွယ်ထဲက တီးတတ်ခဲ့ပြီး နောက်ပိုင်းမှာ သူ့ရဲ့မယ်ဒလင်သံစဥ် ဟာ ပရိသတ်ရင်ထဲထိရောက်အောင် ဆွဲဆောင်နိုင်ခဲ့တဲ့အထိ အောင်မြင်သွားတဲ့ မြန်မာသံအဆိုတော်ကြီး တွံတေးစိုးအောင် ဟာ ဒီကနေ့ မတ်လ ၉ ရက်နေ့၊ မနက် ၂ နာရီ ၃ မိနစ် အချိန်မှာ ဦးဏှောက်သွေးကြောပြတ်ပြီး ချစ်တဲ့ပရိသတ်တွေကို ရုတ်တရတ် ခွဲခွာသွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၁ နှစ်ရှိပြီဖြစ်ပါတယ်။ တွံတေးစိုးအောင် ရဲ့ သားဖြစ်သူ တွံတေးဟိန်းကျော် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ “ သားရင်ထဲမှာဘာစကားမှပြောစရာဘာမှမရှိတော့ပါဘူးသားရူးတော့မယ် အဖေရေ အဖေချစ်တဲ့သားကိုအစောကြီးထားသွားတယ်ဗျာ” လို့ ဝမ်းနည်းစွာနဲ့ ငိုကြွေးရင်းရင်ဖွင့်ထားတာကို တွေ့ရပါတယ်။

မယ်ဒလင်တစ်လက်နဲ့ သီချင်းတွေဆိုရင်း ပရိသတ်တွေရဲ့နှလုံးသားတွေကို သိမ်းပိုက်ခဲ့တဲ့ မြန်မာသံအဆိုတော်ကြီး တွံတေးစိုးအောင် ကွယ်လွန်သွားတာဟာ မြန်မာ့သံစဥ်ဂီတလောကအတွက် ကြီးမားတဲ့ဆုံးရှုံးမှု့တစ်ခုပဲ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ဂီတကြယ်တစ်ပွင့် ကြွေလွင့်သွားခဲ့တာကြောင့် မိသားစုနဲ့ ထပ်တူ ဝမ်းနည်း၊ ကြေကွဲရပါတယ်။ ကောင်းရာ၊ မွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေလို့ Celodia Media မှ ညိုးငယ်စွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

အဆိုတော်ကြီး တွံတေးစိုးအောင် ရဲ့ဘဝအကြောင်းကို  Celodia Media မှ Video ဖြင့် အပြည့်အစုံကို ပြန်လည်တင်ဆက်ပေးသွားမှာမို့ ချစ်တဲ့ပရိသတ်တွေက စောင့်ကြည့်အားပေးကြပါဦးနော်။