ယနေ့ကျရောက်လာတဲ့ သရုပ်ဆောင် အိတုံ ရဲ့ ချစ်ဖို့ကောင်းတဲ့ သမီးချောလေး မွေးနေ့

သမီးလေးရဲ့မွေးနေ့ကုသိုလ်အနေနဲ့ လက်ဖက်ထမင်း ဗူး ၂၀၀ လှူဒါန်း ...

ယနေ့ကျရောက်လာတဲ့ သရုပ်ဆောင် အိတုံ ရဲ့ ချစ်ဖို့ကောင်းတဲ့ သမီးချောလေး မွေးနေ့

တခါက ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပရိသတ်ချစ်ခင်အားပေးမှု့ကို ရရှိခဲ့တဲ့ အိတုံ ကိုတော့ အားလုံးပဲသိကြမှာပါနော်။ လက်ရှိမှာဆိုရင်တော့ ချစ်ရတဲ့ခင်ပွန်း သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်လည်း ရှိနေပါ။  ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ဟာ အိတုံ ရဲ့ သမီးအကြီးလေးရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။ 

သမီးလေးရဲ့ မွေးနေ့အတွက် မေမေ အိတုံ ရဲ့ မွေးနေ့ဆုတောင်းကတော့ "Happy Birthdayမေမေရဲ့သမီးကြီးလေးရေမွေးနေ့မှစပီးအသက်ရှည်အနာမဲ့ပါစေသမီးလေးဖြစ်ချင်တဲ့အရာမှန်သမျှကိုလုပ်ပေးနိုင်သောမေမေကောင်းဖြစ်ရပါစေတခါတခါဆူမိပေမဲ့အရမ်းချစ်တယ်မေမေရဲ့သမီးကြီးဘဝမှာအခက်ခဲမရှိဘဲအရာအားလုံးချောမွေ့ပါစေမေမေသမီး ချစ်တယ်ချစ်တယ်"လို့ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်နော်။ 

သရုပ်ဆောင် အိတုံ ဟာ သမီးလေးရဲ့မွေးနေ့အတွက် လက်ဖက်ထမင်း လူအယောက် ၂၀၀ စာ လှူဒါန်းသွားမယ်လို့ သိရပါတယ်နော်။