အကယ်ဒမီပွဲတတ်ပြီးအပြန်လမ်းမှာ ရုတ်တရတ် ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင် ဦးအောင်သာ

နေပြည်တော်မှာကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးနောက် ရန်ကုန်အပြန်လမ်း အဝေးပြေးခရီးသည်တင် ( Express) ကားပေါ်မှာ ရုတ်တရတ်ကွယ်လွန်သွားခဲ့ပါတယ်။ Express ကားရဲ့ထိုင်ခုံပေါ်မှာ သတိလစ်ကာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာ ရုပ်အလောင်းကို ရန်ကုန်ကိုပြန်လည်သယ်ဆောင်ဖို့ စီစဥ်နေကြပါတယ်။
ဒီအကြောင်းနဲ့ပတ်သတ်ပြီး အနုပညာရှင်တစ်ဦးက " မနေ့ကတွေ့တော့ကို နုတ်ဆက်လိုက်သေးတယ်၊အဲ့ဒီတုန်းကတော့ လန်းလန်းဆန်းဆန်းပါပဲ။ အခုမနက် ပြန်ဖို့ အားကစားရိပ်သာကနေ ကားပေါ်ကိုအထုတ်တွေတင် နေရာယူကြတော့သူက ထိုင်ခုံပေါ်မှာလဲနေလို့ ခေါ်ကြတော့ ခေါ်မရတော့ဘူး။ဆရာဝန်တွေလည်း လာကြည့်ပေမယ့် အသက်မရှိတော့ဘူး။သူက အသက်လည်းကြီးပြီလေ။ မိသားစုနဲ့လည်းအဆက်အသွယ်ရပါပြီ "လို့ ရေးသားထားပြီးတော့ နောက်ထပ်အနုပညာရှင်တစ်ဦးက " မနေ့ကညကလည်း ဝမ်းတွေသွားတယ်လို့သိရတယ်။ညကလည်း ဘာမှမစားရဘူး။အခုမနက်ကြီးကျတော့လည်း ဘာမှမစားရဘူး။ အစားမရှိ ဒဏ်မခံနိုင်လို့သတိလစ်ရင်းက အသက်ပါသွားတာထင်ရတာပဲ။ " လို့ ရေးသားဖော်ပြထားပါတယ်။
ဦးအောင်သာ ဟာ အစ်မဖြစ်သူနဲ့အတူ ရွှေပြည်သာမြို့နယ်မှာနေထိုင်ပြီး လူပြိုကြီးတစ်ဦးဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်ရှိပြီဖြစ်ပါတယ်။